16

135 19 0
                                    

Unicode

နင်းခြေချင်းခံလိုက်ရတဲ့သစ်ရွက်ခြောက်တွေဟာ
ခြေလှမ်းတစ်စုံကိုအပြစ်ဆိုခွင့်မရှိနိုင်ခဲ့။

.....

ဖုန်းသံကိုနားစွင့်နေမိသည်။
စိတ်ကမဖြောင့်ဖြူးပါ။နာရီလက်တံသည် တဖြည်းဖြည်းနှင့် အိပ်ချိန်ကိုကျော်လွန်လာပြီဖြစ်၏။
အားလူးကြွပ်ကြော်ကိုဝါးနေပေမယ့်လည်း
အရသာမတွေ့။ခံတွင်းမတွေ့နေတာလည်းမဟုတ်။

လေပြေအေးကိုထွက်ခံလိုက်သော်လည်း စိတ်အေးသွားလားဆိုတော့မအေးနိုင်။
သိချင်မိလိုက်တာ ဘာတွေလုပ်နေလိမ့်မလည်းဆိုတာ။
ဖုန်းလည်းမဆက်။ မက္ဆေ့ခ်ျလည်းတစ်စောင်မှမပို့။

သူ့စကားသံတွေမကြားရရင် ဘယ်လောက်ဘဲ
လှပနေတဲ့ဝန်းကျင်အခွင် ဖြစ်နေပါစေ
ဘယ်အရာမှ လှပနေတယ်လို့မထင်မိတော့။
ဒါအချစ်ကိုရူးသွပ်ခြင်းသပ်သပ်လား။
ခံစားချက်ကိုပစားပေးနေမိတာလား။

ဘယ်အရာမှမမြင်နိုင်တော့လောက်အောင်
မျက်ကန်းတစ်ယောက်လို အချစ်ကိုရူးသွပ်နေမိတာလား။

" ငိုက်နေတာလား ဟျောင့် "

ဂျယ်ဂယောင်းသည်ဖောင်တိန်တစ်ချောင်းနှင့်ကစားနေရင်း ငိုက်ဆင်းကျနေတဲ့ ဖွာစုတ်စုတ်ခေါင်းလုံးလေးအားသတိထားမိဟန်ပြုသည်။ထယ်ယောင်း
အားသေချာကြည့်ကာ မေးလိုက်ပါသည်။

" အင်း ခနလောက်တော့ လွှတ်ထားပေးပါလား ညကအိပ်မပျော်လို့ "

" အိမ်စာလည်းနည်းရက်နဲ့ "

" အချိန်ကုန်ခံပြီးစာလုပ်မယ့်ပုံပေါက်နေလား "

" ဟုတ်မလားလို့ပါ ကဲပါ အိပ် အိပ် "

အဂင်္ လိပ် ဆရာကြီး မှ " ဒီနေ့တော့ ဒီလောက်ပါဘဲ "ဟု
အသံကြားမှ ထယ်ယောင်းဇက်ခနဲ ခေါင်းထောင်မိလိုက်သည်။
ဒါ ကင်မ်ထယ်ယောင်း အဂင်္ လိပ်အချိန်လုပ်နေကျအကွက်တွေ မသိရင်ခက်္မည်။

" ကဲလစ်မယ် လစ်မယ် "

" ငါအိမ်ကနေမုန့်ထည့်ခဲ့တယ် "

" ငါတော့ ဝယ်အုံးမယ် "

" အိုကေ "

အတန်းခုံကနေထခါနီး သူငယ်ချင်းနှစ်ယောက်
မုန့်စားမည်ကိုတိုင်ပင်နေကြသည်။
ဂျယ်ဂယောင်းနဲ့စကားပြောရင်း အကြည့်ကသူ့ဆီသာဦးတည်မိသည်။
စာရေးခုံပေါ်ပြောင်အောင်ရှင်းပြီး သူငယ်ချင်းပုခုံးကိုဖက်ပြီး အပြင်ထွက်သွားသည်။

P I E C E SWhere stories live. Discover now