7

227 22 4
                                    

Unicode

ဘတ်စ်ပေါ်ကငါတို့ရဲ့နေရာလွတ်လေး
......

တိမ်ဖြူတွေသည်ညီညက်‌ေသာရောင်စုံခဲတံ‌ေတွကြားမှာကွန့်မြူးနေသည်။
အိပ်မပျော်နိုင်‌အောင်လုပ်သွားတဲ့
ယခင်ကထက်ပိုထူးဆန်းနေတဲ့နံနက်ခင်းလေး။
ကမာခွံအောက်ကဖုံးအုပ်ထားတဲ့ပုလဲလံုးလေးတွေ
လို စိတ်ကအစ ကြည်လင်နေတော့သည်။

" ဒီနေ့စောလှချည်လား "

" ဟုတ်လား အမေ ၊ ကျွန်တော်တောင်သတိမထားမိလိုက်ဘူး "

နံနက်ခင်းမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေက
သူ့ဟာနဲ့သူအတိအကျပါဘဲ။
နေ့ရက်တိုင်းဟာတူညီနေခဲ့ပေမယ့်
ဒီနေ့ကတော့ သူ့မျက်အိမ်ကျဉ်းထဲမှာအရာအားလုံးလှပနေခဲ့ပါတယ်။

တိမ်တွေကလှနေတာမဟုတ်
‌ကော်ဖီတစ်ခွက်ကချိုစိမ့်နေတာမဟုတ်
ခြေလှမ်းတွေကကျဲလှမ်းနေတာမဟုတ်

ဖြစ်ပျက်နေသမျှဟာအကုန်သာမန်တွေပါ။
အတိုင်းထက်လွန်အကောင်းဘက်ကိုသာတွေးနေမိတော့တဲ့ ကျွန်တော့်အတွက်တော့
သာမန်ဖြစ်ရိုးဖြစ်စဉ်တွေမဟုတ်ခဲ့ပါ။

စာသင်နေရင်းလည်းအာရုံသည်စာထဲမရှိပါ။
စာရွက်ပြောင်အဖြူပေါ်မှာ ဘတ်ဒေးကဒ်လေးလုပ်ဖို့ကြံရွယ်နေသည်။
ဘာစာနဲ့ဘယ်လိုပြောပြီးရေးရမှန်းမသိတဲ့စာတွေ။
လက်တွေကလည်းဖောင်တိန်ကိုကိုင်ထားရတာ
ကတုန်ကရီ။
ဘာဖြစ်နေလည်း ကင်မ်ထယ်ယောင်း။

ဂျယ်ဂယောင်းသည်သိပ်ကိုစိတ်လှုပ်ရှားနေမိတဲ့ကျွန်တော့်ကိုသတိထားမိဟန်။

" မေတ္တာစာ‌နဲ့ဘဲရေးပေးလိုက်ပေါ့ "

" တော်ပါပြီ တကယ်အများကြီးစဉ်းစားနေတာ တစ်လုံးမှထွက်မလာဘူးဘဲ "

" ခဏအသာထားအုံး စာသာသေချာလိုက်ကြည့်အုံး"

ခဲနဲ့ရေးလိုက်ပြန်ဖျက်လိုက် ထိုသို့နည်းမျိုးစုံ
ပြုလုပ်ခြင်းခံနေရတဲ့စာရွက်ပြောင်ဖြူလေးကိုပြန်ခေါက်ရင်း ခုံကြားထဲထည့်ထားလိုက်ရသည်။

ကျောင်းခေါင်းလောင်းထိုးသံကိုကြားလိုက်ရသည်။

" သွားရအောင် ထယ်ယောင်း "

P I E C E SWhere stories live. Discover now