9

160 21 0
                                    

Unicode

အတွေးစကလွင့်ပျံ့့ပျံ့
နိဗ္ဗာန်မှာတော့သူရယ်ကျွန်တော်ရယ်ပျော်နေကြတယ်။
.....

ငါ့သ‌ဘောကျစိတ်တွေကို
ဘယ်အချိန်ထိသွားမိမလည်းငါမသိသေးဘူး
ဒါပေမယ့် ရပ်တန့်မရတော့ဘူးဆိုတာတော့
သိလိုက်ရတယ်။

စိတ်ထဲကနေရေရွတ်နေမိစကားသံတွေကို
သူ့ရင်ထဲထိုးဖောက်လို့ကြားရင်ကောင်းမည်။

"ဂျောင်" ဆိုပီးအမြဲသုံးနှုန်းချင်နေတော့တဲ့
ကျွန်တော့်နှုတ်ဖျား။
အတွေးစလွင့်ပျံ့ပျံ့ကိုရပ်တန့်လိုက်စေသူကလည်း
ဂျောင်တစ်ယောက်တည်းသာပါဘဲ။

စာမေးပွဲကြီးသည်သဘန်ခါလောက်ဆို ဖြေဆိုရတော့မည်။ နှစ်ဝက်စာမေးပွဲကို ပေါ့တန်တန်တွေးနေမိတဲ့ဂျောင်ဟာ ပြောရခက်လေလေ။
ဂျောင်ကဂျစ်ကန်ကန်လေးနဲ့တခါတလေအမြင်ကတ်စရာကောင်းချင်သည်။

" မင်းအဖြေလွှာကြာနေလို့ အတန်းဆင်းတာကြာနေတာငါသိတယ်"

စာမေးပွဲကြီးမဖြေခင် အကြိုမေးခွန်းများကို
အလွယ်တကူဖြေနိုင်အောင် စစ်ဆေးလေ့ရှိတဲ့ weekend tutorial ။

" မရလို့ အောက်အပိုဒ်မေ့သွားတာ အဲ့တာဟိုကောင့်ဆီကကူးနေတာ "

" ဟာ ဘာလို့ကူးရတာလည်း ရအောင်ကျက်လေမင်း"

" ရတယ် သူများဆီကကူးတာအကျင့်ဖြစ်နေပြီမို့"

မထုံတသေး အမူအယာတစ်ခုချင်းစီကို
အူယားသည်ဆိုတာ မှန်သော်ငြားလည်းဘဲ
တစ်ခါတစ်လေကျ အဲ့လိုစိတ်ရှိတဲ့ဂျောင့်ကို ခေါက်ပစ်ချင်တဲ့လက်တွေဟာ ယားပါလို့လေ။

" တကယ်ကို မင်းကတော့ "

" လက်ရေးလှအောင်ရေးနေလို့လည်းပါပါတယ်ဂျာ"

ပြုံးရယ်နေတဲ့ ပုလဲယုန်သွားလေးဟာ
စိတ်ကို ရိုက်ခတ်သွားအောင်ပြုလုပ်ပါသည်။
ဘာစကားမှပြန်မပြောနိုင်တော့ဘဲ ‌ပြူးကြောင်ကြောင်ဖြင့်ကြည့်နေမိပါတော့ရဲ့။

" အဲ့လိုလုပ်မနေနဲ့တော့ စာမေးပွဲကဘယ်လောက်တောင်နီးလာရလည်း "

" အင်းပါ သိတယ် , ဒီနေ့ည Maths ကိုဖြတ်တော့မို့"

" ကောင်းတယ်အပြီးသတ်ဖြတ်ခဲ့တော့ "

P I E C E SWhere stories live. Discover now