3

305 30 0
                                    

Unicode

" ဂစ်တာတီးတတ်လား မင်း "

ကျွန်တော်သိချင်စိတ်ဖြင့်မေးလိုက် မိ ၏။
ဂျောင်သည် ကျွန်တော့်ဘက်ကိုလှည့်ကာ ပြီးခဲ့သည်ကလို ရွှင်မြူးမြူးမျက်ဝန်းရိပ်တို့ဖြတ်ပြေးမနေတော့။
ငြိမ်သက်သော မျက်ဝန်းတို့ကိုဆောင်ကျဉ်း‌ေနသည်ဆိုတာ မျက် မှန် အနက်လေးအောက်က မျက်ဆံနက်ကလေးကိုကြည့်ခြင်းအားဖြင့်သိသာနိုင်ပါသည်။

" တီးတတ်တယ် "

ကျွန်တော့်စိတ်တွေပျော်သွားရသည်။
ဂစ်တာတွေကိုကောင်းစွာတီးခတ်နိုင်သည့် ယောကျာ်းသားထဲမပါသည်မို့ သူများ‌တီးသော
ဂစ်တာသံတွေကိုသာ အားကျသယော နားထောင်ခဲ့ပါသည်။ ဂစ်တာသံတွေကိုသိပ်သဘောကျပါသည်။
ဂစ်တာတီးတတ်တဲ့ကျွန်တော့်အရှေ့က မှန်ကြောင်လေးကိုလည်း သိပ်သဘောကျရပါသည်။

" တီးပြပါ့လား  ဂျောင်ဂု "

ထယ်ယောင်း ထိုသို့ပြောတော့ ဂျောင်ဂုခြေလှမ်းတွေဟာ မဆိုင်းမတွ ဂစ်တာတီးနေတဲ့ဘိုးတော်ကြီးဆီရောက်သွားတော့သည်။
ထယ်ယောင်းမှာ စိတ်တွေကပျာကယာဖြစ်ပျက်ကုန်လေတော့၏။

" ဘာလုပ်ရတာလည်း "

" တော်သေးတယ် ပေးလို့ပေါ့ မင်းဘဲတီးပြဆို "

" အနောက်စကားကို တကယ်လုပ်မယ်လို့မှငါမထင်တာ "

" တီးပြမယ် "

ကျွန်တော်သိသည်။
ဂျောင်သည် တကယ်ပေါ့ရ‌ွတ်ရွတ်နိုင်သည့်လူ။
အဲ့အပြင်
စကားကိုလည်း ပေါ့ရွတ်ရွတ်ပြောတတ်သည့်အကျင့်ကို ကျွန်တော်ခေတ္တမေ့သွားရပါလား။
တီးလိုက်သော ဂစ်တာသံဟာ နားထောင်ဖူးသမျှထဲ
အဆိုးသွမ်းဆုံးပင်။

ဂျောင် တကယ်ဂစ်တာမတီးတတ်ပါ။

" မတီးတတ်ဘဲနဲ့ "

" သေချာမသင်ထားလို့ပါ ဘယ်လိုတီးရတာကြိုက်လည်း "

" ငြိမ့်ငြိမ့်ကလေးတွေ "

" ငါကတော့ rock "

" မကြိုက်ပါဘူး ဆူညံ့ညံ့တွေ "

မတီးတတ်တီးတတ် ငြိမ့်အေးအေး ဂစ်တာသံလေးသည်ထွက်ပေါ်လာလေ၏။
ဂျောင့်ကို ခိုးပြီးငေးမောမိတော့ သေချာကိုတီးနေတာ။
သူတတ်သလောက်လေး။

P I E C E SWhere stories live. Discover now