24

152 17 2
                                    

Unicode

စည်းတံတိုင်းတွေခြားနေကြတဲ့
ငါတို့ကြား
ရေတိုက်စားချိန်တွေဟာဘယ်လောက်ထိကြာလိမ့်ဦးမလည်း။
.......

ဒီဇင်ဘာလ။

ဆောင်းအငွေ့အသက်တွေဖုံးလွှမ်းနေတော့သည့်ဝန်းကျင်အခွင်ဟာ မြူခိုးများနှင့်သာ
လွှမ်းခြုံထားဆဲပါပင်။
‌စာကြည့်စားပွဲပေါ် အချိုရည်ဘူးအခွံတွေရယ်
ပွစိခတ်နေတဲ့ အိမ်စာစာအုပ်တွေရယ်
ဖုန်းလေးတစ်လုံးရယ် အသီးသီးနေရာယူထားနေကြလေ၏။

စောင်ပုံထူထူအောက်္မှာ နှိူးစက်သံကိုလျစ်လျူရှုချင်တောင်ရမနေခဲ့။
ခါတိုင်းရက်္များထက် နောက်ကောက်္မကျမိအောင်အလျင်ထသွားရသည်။
ဒီနေ့စာမေးပွဲရက်။

အတန်းထဲမဝင်ခင်လောက်ချိန်မှီတည်းက
ကြားနေရတဲ့စာကျက်သံတွေ။
အချိန်မဆွဲတော့ဘဲ သတ်မှတ်‌ထားသော
စာရေးခုံမှာ အမြန်ပြန်နွှေးနေမိသည်။

စာမေးပွဲရက်တွေဆို ထုံးစံ
စာဖြေရင်း သူစာဖြေနေတဲ့ပုံစံလေးတွေခိုးခိုးငေးရတာသဘောကျသည်။
စာမရရင် ခေါင်းမီးတောက်ပြီးဟန်မဆောင်နိုင်တော့တဲ့ ကလေးဆန်တဲ့အပြုအမူကလေး။
ဆံပင်တွေပါစုတ်ဖွားထားပုံဆို သူစာလုံးဝမရတော့တာကိုပြောချင်သည်။

" ဖြေနိုင်လား "

စာမေးပွဲဖြေပြီးခါတိုင်းစောင့်နေကျစကားတစ်ခွန်း
သူ့ဘက်ကအမြဲလာလာပြောတတ်သည်။
ဒီတစ်ခါလည်းအဲ့သလိုပါဘဲ
တကယ်လာပြောပါသည်။

" အင်းဖြေနိုင်တယ် ၊ မင်းကော "

" မဖြေနိုင်ဘူး အမှတ်လျော့ရင်ဘယ်လိုလုပ်မလဲ တစ်ကြောင်းကျန်ခဲ့တယ်သိလား "

" တစ်ကြောင်းကျန်ခဲ့ရင်တစ်မှတ်ဘဲပေါ့ "

" သိဘူး "

ဒီဂျွန်ဂျောင်ဂုဟာလေချွဲတတ်ကလေးဆန်တတ်လိုက်တာ သူ့အပြင်နှစ်ယောက်ကိုမရှိ။

" ယွန်ဆယ်ဟာတို့အုပ်စုလေ စီနီယာတန်းက သိလားထယ်ယောင်း "

" ဆယ်ယွန်းကိုပြောတာလား "

သူမနာမည်ကိုတမင်တကာထည့်ပြောမိ၏။
ဘယ်လိုများပြန်ဖြေမလည်းဆိုတာသိချင်သည်။
မကြိုက်တော့ဘူးလို့ သတင်းသံခပ်သဲ့သဲ့ကြားနေပေမယ့်လည်း မယုံနိုင်သေးတာကြောင့်လည်းပါမည်။

P I E C E SWhere stories live. Discover now