21

146 17 0
                                    

Unicode

မနေနိုင်ခဲ့ကြပါဘူး
မပြတ်သားခဲ့ကြပါဘူး
ဒီလိုနဲ့ဘဲရှေ့ဆက်တိုးခဲ့ကြတာ။

.........

နောက်တစ်ခေါက်ပြန်မရစ်ချင်လောက်အောင်
ပြီးသွားတဲ့ ပြဿနာတွေသည် ပြေလည်လျော့စပြုလာလေသည်။
အချိန်ပြည့်စကားမပြောနိုင်ကြတာတော့
ရိုးအီနေခဲ့ပြီ။

အနည်းငယ်တော့ အဆင်မပြေသေးပေမယ့်
အဆင်ပြေအောင်လုပ်ယူနေရတဲ့ရက်တွေပင်။

" ဆံပင်က ဖွာနေရင်အဆင်ပြေလား "

" ပြေပါတယ် ဒါပေမယ့် မင်းဆံပင်ကိုပြောင်သိမ်းကြည့်ပါ့လား "

ညမီးအိမ်၏အလင်းဖျော့ဖျော့
အားမရစွာ ကြိုးဖုန်းလေးအားခေါင်းအုံးပေါ်တင်ထားကာ စိတ်လိုလက်ရစကားတွေပြောနေခဲ့ကြသည်။
စိတ်ထဲလည်းသတိပေးရင်း
စကားတွေမလွန်ကြူးမိအောင်ပေါ့။

" ဟုတ်ပြီလေ နောက်နေ့လုပ်ကြည့်ခဲ့မယ် "

ကျွန်တော့်ဘက်ကတုံ့ပြန်မည့်စကားတွေစဉ်းစားနေဆဲ၌လည်း နောက်စကားတစ်ခွန်းကို
ဘယ်လိုလမ်းကြောင်းစရမလဲဆိုတာ ‌သူသိနေပြီ။

ဆိုးကွက်တွေထဲကနုတ်ယူထည့်လိုက်ရင်သူစိမ်းတွေမဖြစ်ခဲ့ကြတာဘဲကောင်းပါတယ်။

အတန်းဆိုနောက်ကျမှဝင်လာ‌တတ်သောသူ့ကို
မြင်မြင်ချင်း၌မှာဘဲ
အလိုက်္မသိနှလုံးခုန်သံတွေကတော့ စိတ်ပျက်စရာကောင်းပါ၏။
ဟိုတစ်နေ့ကပြောလိုက်သည့်အတိုင်း
ဆံပင်ကိုပြောင်သိမ်းထားပြီး တည်တည်ကြည်ကြည်
လူကြီးတစ်ယောက်အသွင်ကိုဖမ်းထားဟန်။

ဒီလိုမျိုးတွေဆို ကျွန်တော့်စိတ်တွေဗျာများလွန်းအားချည်းပါဘဲ။
ဂျွန်ဂျောင်ဂုဆိုသောသူမှာ
ရာခိုင်နှုန်းတွေနဲ့တွက်္မကုန်နိုင်အောင် ပြုစားနိုင်လွန်းသူဖြစ်၏။

ကြည့်လေ ဟိုရက်ကအသည်းကွဲနာကျတာကျွန်တော်
မဟုတ်တဲ့အတိုင်းဘဲ။
အင်း...သူနဲ့ပတ်သက်ရင် အမြဲထပ်ပြီး ဆိုတဲ့စကားလုံးလေးကတွဲရက်ကိုဖြစ်နေခဲ့တော့သည်။

ထပ်ပြီး ထပ်ခါ နောက်တစ်ကြိမ် နောက်တစ်ခါ
ကျရှူံးခဲ့ဖူးပါပြီ။

P I E C E SWhere stories live. Discover now