8

199 25 0
                                    

Unicode

စိတ်လိုလက်ရအလွမ်းတွေကိုပုံဖော်ခဲ့‌ေသာညတစ်ည။
.....

စက်တင်ဘာလသည် ဘာနဲ့မှအဖိုးဖြတ်မရသော
တေးသွားညီသောလလေးတစ်လဖြစ်ခဲ့သည်။
မထင်မှတ်ပေးထားတဲ့အပြုအမူတွေက
လည်း နွေးထွေးမှူကို အရိပ်ပြလို့နေရှာသည်။

" ပင်ပန်းတယ် "

" စာတွေကများတာကို "

ပင်ပန်းသည်လည်းမဟုတ်။မပင်ပန်းသည်လည်းမဟုတ်။ခံစားမှူကတော့ဒွန့်တွဲလို့နေသည်။
ပါးစပ်အရသာခံပြီးပြောလိုက်တာဖြစ်တာပိုမှန်ပါမည်။

ပင်ပန်းရင်သီချင်းလေးနားထောင်တတ်တာ
ပြင်မရသော အကျင့်တစ်ခု။
ခပ်အေးအေးသီချင်းတစ်ပုဒ်ကိုနားထောင်ချင်နေမိပါသည်။
သို့နှင့်အညီ အကြံဆိုးလေးက ဝင်လာတော့၏။

" ဂျောင်ဂု ငါ့ကိုသီချင်းဆိုမပြချင်ဘူးလား "

" ဟင် "

ဖြစ်ကတတ်ဆန်းပေါ့လျော့လျော့သာသာမျှပြောလိုက်သော်လည်း တကယ်ပါ ဂျောင့်ရဲ့
သံစဉ်လှလှလေးတွေကို နားထောင်ချင်ဖူးပါသည်။
အံ့ဩမျက်ဝန်းအတိုင်းသားပြူးတတ်သွားတဲ့
သမင်မျက်လုံးကလေးတွေဟာသိပ်သဘောကျစရာကောင်းကောင်း။

"  ဟာသသီချင်းတွေတော်တော်ပေါလာတယ်နော် "

" ငါအဲ့တာမသိချင်ဘူး ဂျောင်ဂု "

" ဆိုပြရင်ကောင်းမှာမဟုတ်လောက်ဘူး"

" ဆိုပြမှာလားမဆိုပြဘူးလား"

" ဆိုပြမယ် ဆိုပြမယ် "

လွယ်အိတ်ဇစ်ကိုဖြုတ်ကာ ဟိုနှိုက်ဒီနှိုက်ရှာဟန်ပြူနေသည်။ ဒီအတိုင်းဆိုပြမှာမဟုတ်ဘဲ
MP3 ကိုဖွင့်ပြီးဆိုပြမည်ထင်သည်။

သီချင်းသံငြိမ့်ငြိမ့်က ထွက်လာသည်။
တီးလုံးသံတေးသွားနောက်က ဆိုရတော့မည့်အပိုဒ်လေးကိုစိုးထိတ်ထိတ်မျှော်နေသည်
ဂျောင့်အသံကိုသိပ်နားထောင်ချင်နေမိတာ။
ပင်ပန်း‌တာတွေရှိလာမယ်မထင်တော့။

မျက်လုံးမှိတ်ကာဂရုတစိုက်နားထောင်နေတဲ့
ကျွန်တော့်အပါးအားတိတ်တဆိတ်ကပ်ရောက်လာပြီး
ကြားလိုက်ရတဲ့ အသံတစ်စုံ။စမ်းချောင်းရေကျသံက
ရင်ခုန်သံနှင့် တစ်ခဲနက်တိုးဝင်လာသည်။

P I E C E SWhere stories live. Discover now