Unicode
လေနှင်ရာဆီတရွေ့ရွေ့
နင်းခဲ့မိတဲ့ ရွက်ကြွေတွေ.......
ဟျောင့် ဂျယ်ဂယောင်း ကော်ဖီဆိုင်သွားရအောင်ပြီးရင် "
ထမင်းပလုတ်ပလောင်းစားနေတဲ့ဂျယ်ဂယောင်းသည်
ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
သူ့ဆီငေးမိတော့ မျက်နှာမဖော်နိုင်အောင်စားနေတဲ့
ချစ်စရာမြင်ကွင်းလေးကိုမြင်ရသည်။
ဒါသူ့အကျင့်ဘဲဟာ။ထမင်းပန်ကန် set အားအဒေါ်ကြီးဆီပို့ပြီးသွားတဲ့အထိ ကျွန်တော်သူ့ကိုပြုံးကြည့်နေခဲ့သည်။
ကြည့်နေရရင်ကိုပျော်နေမိပြန်သည်။" ထမငိးစားရတာပျော်စရာအရမ်းကောင်းနေလား"
" မင်းတို့ကလည်း "
" လွှတ်ထားလိုက်ပါ ဂျွန်ဂျောင်ဂုကြည့်နေတာမလား
ငါနဲ့ကွယ်နေလို့လား ဖယ်ပေးမယ်လေ "ရိုးရိုးသာမန်အသံကိုကျယ်အောင်ပြောတတ်သူမှာ
လီမင်ဟာဖြစ်သည်။
သူ့အသံကြောင့်တစ်ခန်းလုံးကြားသွားသည့်အဖြစ်မျိုး တစ်ခါကြုံဖူးခဲ့သည်မို့။
အတင်းတုပ်တဲ့ကိစ္စကျယ်ရင်ရပေမယ့်သူနဲ့ပတ်သက်ရင်မဖြစ်ဘူးမလား။" အရင်ဆုံး ကော်ဖီသွားမှာမယ် "
ဂျယ်ဂယောင်းပြောသည်ကိုထယ်ယောင်းမှ
လက်ဖြင့် အိုခေဟုပြသည်။
ကော်ဖီဆိုင်တည်နေရာသည် Tennis ကွင်းအားဖြတ်ပြီးမှရောက်သည်။
အရိပ်အောက်ကခုံတန်းပေါ်မှာထိုင်နေတဲ့သူ့ကိုတွေ့ရသည်။ ကစားတာတစ်ပွဲပြီးသွားလို့အနားယူနေပုံရသည်။သူ့ရှေ့ကနေဖြတ်သွားချင်မိတာကြောင့်
ပိုက်ဆံအကုန်ခံပြီးသောက်ဖြစ်တဲ့ကော်ဖီအေးတွေ။
သူနဲ့အတူအနီးကပ်ဖို့ရာသိပ်ခက်သည်ကြောင့်
သူ့အရှေ့ကနေဖြတ်သွားချင်မိသည်။
သူမြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေပေါ့။သူ့စာရေးခုံကနေဖြတ်ရသည်ထက် သူ့ရှေ့တည့်တည့်လေးကနေဖြတ်သွားရတာပိုသဘောကျသည်။
မုန့်စားဆင်းလျှင် မုန့်ဝယ်စားသူမှာ ကျွန်တော်ကလွဲ၍ဖြစ်သည်။ပိုက်ဆံကိုမုန့်အနေနှင့်မကုန်ချင်ဘဲ
ကော်ဖီအေးတစ်ခွက်နဲ့သာကုန်ချင်မိသောကျွန်တော့်စိတ်။
YOU ARE READING
P I E C E S