19

147 19 0
                                    

Unicode

အစမှာချစ်တယ်
ပြီးရင် လွမ်းတယ်
နောက်ဆုံးမှာ‌ေတာ့ပြိုလဲသွားတယ်။

....

ပြန်ကြားယောင်နေမိတဲ့အရူးစကားတွေ။
ကြားယောင်းရင်း မျှော်လင့်ချက် မြူမှုန်စတစ်စလေးလို ယုံကြည်နေမိတုန်း။
ပထမ တုန်းကပြောခဲ့ပါတယ်။
အိမ်ပိုင်ရင်ဖွင့်ပြောမယ်ဆိုသတဲ့
သူဖွင့်ဟခဲ့တာတော့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက် အမည်အောက်္မှာ။

ဒုတိယတစ်ခါ  တမြတ်တနိုး ခေါ်လေ့ရှိတတ်ကြတဲ့
နာမည်အစ‌ွန်းအဖျားလေးအားတစ်နေ့ကျ
ခေါ်ဝေါ်မည်တဲ့။
ဘယ်လိုသဘောထားနေလည်းမေးမိတော့
သူ့စိတ်ထ‌ဲမှာ ပျိုမဒီလေးတစ်ယောက်က
နေရာယူထားရှာတယ်။

အဲ့ဒီစကားတွေကို တစ်ဖက်သတ်ကြိတ်ရူးပြီးရင်း
ကြိတ်ရူးလာတာ အမှတ်ကိုမရှိသေးဘူးဘဲ။
ဒီတစ်ခါတော့ ထွက်သွားချင်တဲ့လက်တစ်စုံကို လွှတ်ချလိုက်ကြရအောင်။
ဒါပေမယ့် သိပ်ခက်ခဲသည်။

နံရံပေါ်မှာတိပ်ကပ်ထ‌ားသော အဝါရောင်စာရွက်တွေကို ခွာချလိုက်တော့၏။
ထိုစာရွက်အပိုင်းအစတွေကိုပြန်စုစည်းမိရင်
ငါတို့တွေသိပ်ပျော်ခဲ့့ကြပါတယ်။

သူသဘောကျရပါသော သူမကိုတွေ့လျှင်
နှလုံးသားအား ဆူးချွန်နဲ့ ထိုးခံလိုက်ရသလို
တဆစ်ဆစ်နာသည်။

သူရှိသောနေရာတွေမသွားမိအောင်နေရမည်ဆိုသော်လည်း အတန်း လာတူနေသည်။
ဘယ်တော့မှ ခိုးငေးမကြည့်တော့ပါ။

‌ပေါက်ထွက်ချင်နေတဲ့စိတ်တွေများလာလေလေ
ယောဂျွန်းဆီအပူသွားကပ်မိပါတော့သည်။
လီဒိုဆော့မှာတော့ သူ့ကိုမပတ်သက်စေချင်တော့ပါ။
မုန်းလည်းမုန်းသွားသည်။

" သူကမင်းကို အဲ့လိုပြောလား ထယ်ယောင်း "

" အင်း တကယ် မပတ်သက်ချင်တော့တဲ့ပုံဘဲ "

" မျှော်လင့်ချက်တွေပေးပြီး အဆုံးစွန်ထိရောက်္မှ ..."

ယောဂျွန်းသည်လည်းစိတ်တိုသွားပုံရသည်။
အရူးလုပ်ခံရတဲ့ကျွန်တော့်အဖို့ စိတ်မနာဘဲ နှလုံးသားကတော့ နာကျင်ပါများလို့
သွေးထွက်သံယိုဖြစ်နေတော့သည်။

P I E C E SWhere stories live. Discover now