1

584 40 0
                                    

Unicode

မထင်ရင်မထင်သလို ပီကေဝါးတတ်တာသည် အလယ်တန်းပြီးနောက်ပိုင်း
ပေါ်ပေါက်လာတဲ့သူ၏အမူအကျင့်တစ်ခုဖြစ်သည်။

ကလေးဘဝမှာသာမြင်တတ်ကြတဲ့ရောင်စုံစိတ်ကူးတွေမှိန်ဖျော့သွားခဲ့တာသက်တမ်းလျော့စပြုလာပြီ။
အထက်တန်းပထမနှစ်မှာ မျက်စိထဲမှာမြင်တွေ့နေရသည့်အရာတွေက
ရုတ်ချည်းပြောင်းလဲသွားတော့သည်။

တိမ်ပြာတွေကိုငေးမောတတ်လာတယ်။
စာအုပ်တွေကိုနှစ်သက်လာခဲ့တယ်။
ကော်ဖီတစ်ခွက်ကိုရူးမူးတတ်လာတယ်။
ဘာမဟုတ်တဲ့အချိန်လက်တံတွေကိုငြီးငွေ့စပြုလာတယ်။
သီချင်းတွေကို ချစ်ဖို့နောက်လူသားအဖြစ်မွေးဖွားလာခဲ့တယ်။

ခြေလှုပ်ကာဘတ်စ်ကားအလာကိုစောင့်မျှော်ရင်း ပီကေ မှုတ်လိုက် ဝါးလိုက်
သီချင်းနားထောင်ရန်အဖို့ နားကြပ်တစ်စုံနှင့်အလုပ်ရှုပ်နေခဲ့သည်။

ခြေတစ်စုံရပ်သံသညိဖွညင်းညင်းကလေးသာ။
အရိပ်ကိုမြင်လိုက်ရသည်။

အတန်းထဲကကောင်လေးဘဲ။

အဲ့ဒီတုန်းက မှန်ကြောင်နဲ့ကောင်လေးကို
သူ့သတိဘဲထားခဲ့ပါသည်။
ဟုတ်ပါသည်။ တကယ်သူတို့နှစ်ဦးစလုံး
အလွန့်အလွန်ရင်းနှီးသွားကြမယ်လို့ဘယ် သူကမျှမထင်ထားကြ။
ဒါကလည်း လှည့်ပြောင်းမှူတစ်ခုပါဘဲလေ။

ဂျောင်နဲ့စခင်ဖြစ်တဲ့ရက်။
August 6 ။

" အာညော် "

ကျောင်းဆင်းချိန် ဘတ်စ်ကားအနောက်ဆုံးကခုံတန်းမှာ လွယ်အိတ်ကိုပိုက်ကာထိုင်နေသည့်ဂျောင့်ဘေးတွေသွားထိုင်လိုက်သည်။
သာမန်အနေနဲ့သာသွားချဉ်းကပ်ခဲ့သည်။

" အာညော် "

" တန်းခွဲ A ကလား "

" ဟုတ် "

ကြားလိုက်ရသည့် "ဟုတ်"ဆိုတဲ့အဖြေကြောင့်သူသည်နည်းနည်းရယ်ချင်သွားသည်။အူလည်းအူယားသွားရသည်။
ကျွန်တော်တို့ကအသက်အတူတူဘဲမဟုတ်ဘူးလား။

" ဘာ "ဟုတ်"တာလည်း အသက်အတူတူဘဲကို "

" ဟုတ်လား 1997 born လား "

" အင်း "

ကြာမြင့်ချိန် 3 နာရီလောက်ထိအိမ်မပြန်သေးဘဲ မြစ်လယ်ပေါ်ကတံတားလေးမှာ
ကျွန်တော်တို့စကားတွေပြောနေခဲ့ကြသည်။

P I E C E SWhere stories live. Discover now