6

239 24 0
                                    

Unicode

ဖြတ်ပြေးသွားတဲ့မင်းအရိပ်လေးတွေ
....

မီးဖန်ရောင်လုံးလုံးတွေ တန်းစီဆွဲချိတ်ထားတဲ့
24 နာရီ စတိုးဆိုင်အရှေ့တွင် စက်ဘီးရပ်လိုက်သည်။
ဝင်ဝင်ချင်း ခေါင်းလောင်းသံသည်ကြိုဆိုသည့်သဘောကိုသက်ရောက်သည်။

" အာညော် ထယ်ယောင်း "

" ဒိုဆော့ "

ခေါက်ဆွဲဗူးတစ်ဗူးနှင့်အလုပ်ရှုပ်ဟန်ပြုနေသည့်
အတန်းခေါင်းဆောင် ဒိုဆော့သည်
ထိုင်ရာမှ ထယ်ယောင်းဆီ ဆိုက် မြိုက်စွာရောက်လာသည်။

" မင်းစောင့်နေတာကွ "

" ဟ , ဆိုပါအုံး ဘာများလဲ Project အတွက်တော့မပြီးသေးဘူး "

" ဟာ စာတွေခေါက်ထားပါ ၊ ငါ့ကိုကူညီပေးအုံး "

"  ပြော "

" ဂျယ်ဂယောင်း လေ "

ဒိုဆော့ ဆီကနေ ဂျယ်ဂယောင်းနာမည်ကြားလိုက်ရတော့ ခွီခနဲရယ်ချင်သွားပါသည်။ အရှေ့ကလူကိုအားနာ‌သည်ကြောင့်
အရှိန်မပြတ် ရယ်ချင်သောအခွက်ကို ဖျစ်ညှစ်
အောင့်အိထားရသည်။

" အေး ဂျယ်ဂယောင်းဘာဖြစ် "

"  ဂျယ်ဂယောင်း SNS အကောင့်ငါသိချင်တယ် "

....

" ဘာ အဲ့တော့ ဟျောင့် မင်းငါ့အကောင့်ပေးလိုက်လား "

ဆရာမအတန်းမဝင်မီ ရသလောက်အချိန် 5 မိနစ်ပိုင်းမှာ သူငယ်ချင်းနှစ်ယောက် စုဝေးပြောနေကြစဉ်ဖြစ်သည်။ဒိုဆော့သည် မိမိနေရာမှ ထိုသူတို့နှစ်ယောက်အား ကွက်ကြည့်ကွက်ကြည့်။

" ငါလေငါ မင်းမကြိုက်္မှန်းမသိလို့မပေးခဲ့ဘူး "

" ဟူး ကျေးဇူးပါငါ့ကောင်ရာ ၊ ငါအဲ့ဒိုဆော့ကိုဘယ်လိုမှကို အမြင်ကြည်ပေးလို့မရတာ "

" ငါ့မှာကွာ အဲ့ကောင်မင်းအ‌ ကောင့် သိချင်တယ်ပြောလိုက်တော့  သောက်ရမ်းရယ်ချင်သွားတာ "

" မင်းကငါနဲ့လိုက်ပေးစားနေမှတော့ မရယ်ချင်ဘဲ ဘယ်နေမလည်း "

တစ်နေ့ပတ်လုံး အားလုံးစိတ်ညစ်သော အချိန်သည်
တစ်ခြားသောပြည်ပ နိုင်ငံအရပ်ရပ်မ‌ျားက
လူနေထိုင်မှူဘဝတွေကို သင်ရသည့် ဘာသာရပ်ဖြစ်သည်။ နာမည်ရယ်ဟူ၍မရှိ။
ဗဟုသုတဆိုင်ရာအနေနှင့်ထည့်သွင်းပေးထားသည်။

P I E C E SWhere stories live. Discover now