13

148 22 0
                                    

Unicode

ပင်လယ်လှိုင်းလုံးတွေပုတ်ခတ်သွားလည်းဘဲ
ကျောက်ဆောင်ကျောက်သားတွေကတော့
ဘယ်တော့မှမပြိုလဲခဲ့

ဆုံမှတ်တိုင်မှာစောင့်ကြိုနေခဲ့လည်းဘဲ
ရထားတစ်စင်းဟာနောက်တစ်ခေါက်
ဘူတာဆီပြန်မဆိုက်ရောက်ခဲ့~~~

.......

ကုန်းလျှောပြေပြစ်တဲ့နေရာလေးမှာ
လူတစ်ယောက်က ဒေါသမီးတွေတောက်လောင်နေသည်။
လူတစ်ယောက်က အသံလာခြင်းမရှိတော့တဲ့
ဓာတ်ပြားခွေတစ်ချပ် အတိငြိမ်သက်နေသည်။

" ဘာလည်းဟာ အဲ့ကောင်ကဘာဖြစ်ချင်တာလည်း "

ထယ်ယောင်းဘက်္မှဘယ်လိုဖြည့်စွက်ပြောပြော ပြန်ချေပနိုင်ခဲ့သည့်ဂျယ်ဂယောင်း
စကားသံတွေသည်အမှန်တရားနှင့်ထပ်တူကျနေခဲ့တာတော့ ငြင်းဆန်နိုင်ခွင့်မရှိခဲ့ပါ။

" သူက အိမ်မှမပိုင်တာ သူအရင်ကငါ့ကိုပြောဖူးတယ် နောက် 8 နှစ်လောက်ကြာမှ ချစ်သူတစ်ယောက်နဲ့ဘဝတည်ဆောက်မှာတဲ့"

" အိမ်မပိုင်လည်း အပွင့်လင်းဆုံးတော့မင်းကိုပြောပြသင့်တယ်မဟုတ်ဘူးလား
ထယ်ယောင်းရယ် "

" ငါ့ဘက်ကတစ်ဖက်စောင်းခံယူချက်တွေနဲ့ သာရူးနေတာပါဟာ "

" အဲ့ကောင် ဘယ်လိုဘဲမင်းကို မုသားသုံးခဲ့ပါစေ သူ့အပြုအမူတွေက စည်းတစ်ခုရဲဘောင်ကိုကျော်လွန်နေတယ်ဆိုတာ သိပ်သိသာတယ်၊ ဘေးလူကတောင်ခံစားလို့ရတဲ့ပီတိတွေသူပေးခဲ့တာဘဲ "

" ထပ်ပြီးငါတို့ဘာမှဆက်္မပြောဖြစ်ကြတော့ဘူး , တကယ်ကြီးဝေးသွားဖို့လုံလောက်တဲ့အကြောင်းပြချက်လား "

" ခိုင်လုံနေတဲ့အကြောင်းပြချက်ဘဲမင်းရင်ဆိုင်လိုက်စမ်းပါ "

ထိုရက်ကစ တိုင်တိုင် ဂျယ်ဂယောင်းမှာ
ဂျောင့်ကိုဘယ်လိုအခြေအနေမျိုးနှင့်မဆို
အမြင်မကြည်တော့ပါ။
သူကတော့ သူ့သူငယ်ချင်းကိုအရူးလုပ်တယ်ဆိုပြီးတဖွဖွ ပြောနေ‌ခဲ့တော့သည်။

တကယ်လည်း ကျွန်တော်တို့တွေတိတ်ဆိတ်သွားခဲ့ပါသည်။
မထင်မှတ်ထားတဲ့ဖြစ်ရပ်မျိုးနဲ့ရင်ဆိုင်လိုက်ရတဲ့အခါစိတ်ကယိုင်လဲကျသွားတော့တာပါဘဲ။

P I E C E SWhere stories live. Discover now