12

154 19 0
                                    

Unicode

Ost - Butterfly ( BTS)

ငါတို့ပြေးနေခဲ့ကြတယ်
ခံစားချက္မြေရဲ့ဝေးရာဆီ။

နှင်ထုတ်နေမိခဲ့တယ်။
ကြောက်ရွံ့နေမိခဲ့တယ်။
နေသားမကျသေးတဲ့ဆက်ဆံရေးက
အကျည်းတန်ဖို့ကောင်းလေလေ။

အုတ်ခုံလေးကထိုင်သူနှစ်ဉီးကိုစောင့်ကြိုနေခဲ့တယ်။
‌‌မြစ်ရေစီးသံက သူနှစ်ဦး ရယ်မောသံတွေကိုနားစွင့်နေခဲ့တယ်။
ခပ်ပြယ်ပြယ်လွင့်နေတဲ့သစ်ရွက်ခြောက်တွေက သူနှစ်ဦး ရင်ခုန်သံတွေကိုကြားချင်နေမိတယ်။

သည်အရာတွေကိုပြစ်ပယ်ပြီးသူတို့နှစ်ဦး
ရှောင်ထွက်သွားခဲ့ကြပါတယ်။

.......

‌စာရိုက်ဖို့ရာတွန့်ဆုတ်နေမိတဲ့လက်တွေတစ်ခုခုလုပ်ဖို့
လိုအပ်လာပြီထင်သည်။
ဒိုဆော့သည် ကျွန်တော့် reply ကိုစောင့်နေသည့်ဟန်။
မဟုတိလည်းသိရမှာပါဘဲ။

- အင်း ဘာတဲ့လဲ -

- မင်းကိုဖွင့်မပြောသေးတာဆိုဘဲ အိမ်မပိုင်သေးလို့သူစောင့်နေတာတဲ့ -

- ဘယ်လို ‌ဂျောင်ဂုက အဲ့လိုပြောတယ် သေရောသေချာလို့လား -

- ငါသေချာကိုမေးလာတာပါဟ -

သိပ်ပြီးမသေချာချင်သေး။
သို့သော်လက်ခံရတော့မည်။ဝမ်းသာလွန်းလို့အသံတိတ်သွားတာများလား။
ဖုန်းကအလိုတကျကုတင်ပေါ်ပြုတ်ကျသွားရသည်။
ခေတ္တကြောင်အမ်းအမ်းခြင်းတွေခံယူနေပေမယ့် အပျော်တွေလွန့်ကူးရင်း
သူ လမင်းကြီးပေါ်မှာကခုန်နေမိခဲ့သည်။

ဂျောင် ခရီးကပြန်မလာသေးသရွေ့
အိမ်အရှေ့ဝင်ဝဆီတောင် ခြေမလှမ်းမိတဲ့ကျွန်တော်။
အဒေါ်ဖြစ်သူသည်ကျွန်တော့်အားသိပ်အံ့ဩပြီးအံ့ဩလေစွ။
အမြဲလိုလို ညနေနေဝင်တိုင်း အိမ်အပြင်ထွက်နေကျ စက်ဘီးလေးဟာလည်း
အိမ်မှမခွာနိုင်ခဲ့ပါ။

ညကြီးမင်းကြီးဖုန်းသံကိုကြားလာရသည်။
ဂျောင်ဂု ဟု ပေါ်နေတဲ့ ဖုန်းနံပါတ်စိမ်းလေးကိုမြင်လိုက်ချင်း လိပ်ပြာတွေအတောင်ပံဝဲနေသလိုတမှေးချင်းခံစားလိုက်ရပါ၏။

ဖုန်းခေါ်လိမ့်မည်ဆိုတာသိသော်ငြားလည်း
လက်တွေ့ခေါ်လိမ့်မည်ဟုတော့
မထင်ထားခဲ့။
အတွေးကိစ္စကိုအသာထားရင်း
ကောက်ကိုင်လိုက်တော့သည်။ကျသွားမှနှမြောသတဖြစ်နေမိအုံးမှာ။

P I E C E SWhere stories live. Discover now