25

157 15 0
                                    

Unicode

ကြေမွလွယ်တဲ့စက္ကူရွက်လေးလား
ကျိုးပဲ့လွယ်တဲ့ကော်ပတ်ရုပ်လေးလား
ဒီနှလုံးသားဟာ မင်းနဲ့ဆို အပ်ပေါက်ရာမျှ
အစူးမခံ။

...........

တိုတောင်းလှတဲ့ဒီဇင်ဘာလရဲ့ပိတ်ရက်တိုလေးဟာ
အဖိုးတန်လွန်းလှသည်။
ဆောင်းရဲ့အအေးတွေအပြင်မှာအေးခဲပါစေ
ဂရုမပြုနိုင်။
ရင်ဘတ်ထဲကနွေးထွေးခြင်းလေးဟာတော့သိမ်းဆည်းထားဆဲမြဲ။

ဆက်ဆံရေးကတော့ ဒီအတိုင်းသာ
ပြောင်းလဲသွားတာကတော့ သူ့အပြုအမူတွေသာ။

စိတ်ထဲတေးမမှတ်ထားခဲ့တဲ့ ဟိုးတစ်ချိန်က
ရန်တွေ့မိတဲ့ အဖြစ်အပျက်ကိုမျက်လုံးထဲပေါ်လာရတော့သည်။
အကြောင်းအရင်းမရှိဘဲ သူ့အားစိတ်ဆိုးခြင်း။
လျစ်လျူရှုပြီး ထွက်သွားခဲ့တဲ့ အေးတိအေးစက်ကျောပြင်ကိုကြည့်ရင်း အနောက်္မှာသာကျန်ခဲ့ရသည်။

အခုအဖြစ်အပျက်နဲ့ တွဲယှဉ်ရင်တော့
သိပ်ကိုကွာဟလွန်းလှလေ၏
ခရီးတိုကအပြန် ရိုက်လာတဲ့ပုံတွေကို
သူ့အားသွားပြသည်။
ရိုက်လာတဲ့ပုံတွေကိုသဘောတကျကြည့်ပြီး

" ငါတင်မလို့လေ ဘယ်လိုလည်း "

" မင်းကတင်ရဲတယ် ငါကမတင်ရဲဘူး သူငယ်ချင်းတွေပြောင်ကြတော့ ရှက်လို့လေ "

ပြောတဲ့အဓိပ္ပာယ်လေးက ရိုးရိုးလေးပါ။
ဒါပေမယ့် ပေါက်ကွဲသွားရသည်။
ငိုလည်းငိုချင်လာရသည်။
ကျွန်တော်အမှတ်လွဲသွားပံုရသည်။

" မင်းပြောတာက ငါကျမရှက်ဘဲ တင်နေတဲ့အကောင်ပေါ့ ဟုတ်လား ဂျောင်ဂု "

" ငါရှက်တာပြောတာ "

" ဖြေလေ မေးတာသာဖြေ ငါ့ကိုအရှက်္မရှိလို့ပြောလိုက်တာမလား ပြောချင်ဒဲ့တိုးပြော အားနာစရာမလိုဘူး "

အဲ့စကားနောက်ဆုံးပြောပြီးဖုန်းချပစ်လိုက်တော့၏။
ကျွန်တော်ချစ်ရတဲ့လူသားကကျွန်တော့်ကို
အရှက္မဲ့တယ်ဆိုပြီးတစ်ဖက်လက်သဘောပြောတဲ့အတွေးမှားနှင့်။
ဖုန်းသံကိုကြားလိုက်ရ၏။
ကောက်ကာငင်ကာမရှိဘဲတန်းကိုင်လိုက်သည်မဟုတ်
အနည်းငယ်ကြာမှသာကိုင်လိုက်သည်။

P I E C E SWhere stories live. Discover now