27

148 17 0
                                    

Unicode

မသိခြင်းတစ်ဖက်ခြမ်းရဲ့ ကဗျာတွေက
ကိန်းဝပ်‌ေနတဲ့စည်းလေးကြားမှာ
နောက်လည်းကျသွားနိုင်သလို
အချိန်မှန်လည်းရောက်သွားနိုင်တယ်။

.....
မျက်္မှန်အောက်ကမျက်ဝန်းတွေကြည့်ရင်း
ရုန်းမထွက်နိုင်ခဲ့တော့ဘူး။
အပျော်အနေနဲ့ခင်မင်မှူဆီတိုးဝှေ့မိလည်း
ခံစားချက်ကငါ့အတွက်တော့ တိမ်းရှောင်မရခဲ့ဘူး။
ပထမ စစချင်းစကားပြောချိန်မှာ ငါ့စိတ်တွေပေါ့ပါးလာတယ်။
ဒီလိုသဘောက  ဆည်းဆာညနေရဲ့တိမ်ထူထူလေးတွေကြောင့်လို့
တယူသန်တွေးခဲ့မိတာ။
မိုးတွေညိုလည်း ရာသီဥတုက မင်းနဲ့စကားပြောတိုင်း
သာယာခဲ့တာပါဘဲ။

သေချာပေါက် ငါမင်းကိုချစ်မိသွားခဲ့တယ်။
မျိုးစုံသောနည်းနဲ့ မင်းဆီက ငါ့အကြောင်းလေးတွေ
နားစွန်နားဖျားနဲ့ခိုးနားထောင်လည်း
မထိတချက်စကားလုံးလေးတွေဘဲပြောတယ်။
အသည်းကိုတမြေ့မြေ့နဲ့လည်း ခွဲနိုင်ခဲ့တဲ့မင်း။
မာနနဲ့ဆက်္မပြောတော့ပေမယ့် မင်းဘက်ကစကား
အရင်စပြောလာခဲ့တယ်။

နေနိုင်ခြင်းမနေနိုင်ခြင်းက အဲ့မှာစတယ်ထင်တာဘဲ။
မြူခိုးအရိပ်ကြားမှာ ‌မတူဟန်ပြောင်းလဲလာတဲ့
မင်းအပြုအမူတွေ သတိထားမိပေမယ့်
လက်ခံဖို့ရာအတွက်ငါ့မှာအများကြီးခက်ခဲခဲ့။
မလွယ်လိုက်တဲ့ဆက်ဆံရေး
အမည်နဲ့ပုံဖော်မရတဲ့ဆက်ဆံရေး
ချစ်ခြင်းမေတ္တာ ဆိုတဲ့အပြုအမူတွေဖော်ပြကြပေမယ့် တစ်ခါတစ်လေကျ စကားလေးတစ်ခွန်းကို
ပြောချင်လွန်းလို့ ငါ့စိတ်ကအမြဲမြိုသိပ်ထားရတယ်။

"ချစ်တယ်" ဆိုတဲ့စကားကိုလည်းကြောက်လာပြီး
ရှေ့ဆက်တိုးဖို့ရာကို အင်အားမဲ့။
မလွယ်လိုက်တဲ့ဆက်ဆံရေး
ဟုတ်တယ် အဆုံးသတ်လိုက်ဖို့ရာဘယ်လိုမှမလွယ်တဲ့ဆက်ဆံရေး။

အထက်တန်းပြီးသွားကတည်းက
မရေးဖြစ်တော့တဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်ဖတ်မိတာ အခေါက်ပေါင်းမကတော့။

အခြေချရာမြို့ပြတူပေမယ့်
လမ်းချင်းတော့ကွဲခဲ့တယ်။

ရှုခင်းမျိုးစုံအလှကိုမှတ်တမ်းယူပြီး ဓာတ်ပုံ
ပြပွဲတွေအတွက် ပြင်ဆင်ရတယ်။
စာတိုတွေနဲ့သံစဉ်တွေနဲ့ တစ်ခါတစ်ခါ တွဲဖက်ညီအောင် ကြိုးစားရေးရတယ်။

P I E C E SWhere stories live. Discover now