29

224 16 0
                                    

Unicode

ရုပ်ရှင်တွေက ခဏတာအတွက်ဇာတ်သိမ်း
လှလှပပ
မင်းနဲ့ငါကတော့ ရုပ်ရှင်မဟုတ်တဲ့
တစ်သက်တာအတွက်ဇာတ်သိမ်းလှလှ။

......

မိုးစက်တွေကတဖွဲဖွဲပက်ဖြန်းနေတာ
ပါးပြင်ပေါ်လာစင်မှ သတိကပ်မိသည်။
အထက်တန်းက ငါတို့ကြားကပြဿနာ
အစိတ်အပိုင်းလေးတွေ။
မြန်လိုက်တာ....အချိန်တွေများသိပ်မြန်လိုက်တာ။

တံခါးခေါက်သံရဲ့ရဲ့ကိုကြားရသည်။
နားကြားသာမမှားမိရင် ကျွန်တော့်စိတ်ထဲ
ဒီတံခါးခေါက်သံက
ဝင်လာပြီးရင် နောက်ထပ် ထွက်္မသွားဘူးလို့
တိတိကျကျ အတပ်မှန်စွာသိနေရသည်။

ထီးလေးကိုဆောင်းထားသည်။
အပြုံးလေးတွေက အရင်အတိုင်းပကတိမပျောက်ကွယ်သွား။
မျက္မှန်အောက်က သမင်လိုပြူးကြောင်ကြောင် ချစ်စရာ မျက်လုံးလေးကော။
ထူထပ်နေတဲ့မျက်ခုံးတန်းမည်းမည်းတွေက
ဘယ်တော့မှ မပြောင်းလဲသွား။
အရှေ့မှောက်က လူသားလေးက
အထက်တန်းတုန်းက ကျွန်တော့်ကို
အချစ်ဘာသာရပ်ကို သင်ကြား‌ေပးသူလည်းဖြစ်သလို ရင်နာအောင်လည်းလုပ်သွားတဲ့သူ
နွေးထွေးပေးတဲ့သူ ကျွန်တော့်အလိုကျ နေပေးတဲ့့သူ။

ကျွန်တော့်ဘဝအတွက် ထပ်မရနိုင်တော့တဲ့
အဖိုးတန်တဲ့လူ။
ဒီကင်မ်ထယ်ယောင်းဆိုတဲ့သမိုင်းထဲမှာ
ဂျွန်ဂျောင်ဂုဆိုတဲ့မျက်္မှန်နဲ့ကောင်လေးက
စာမျက်နှာတိုင်းမပါမဖြစ်။

ရှက်ရွံ့မှူတွေ အဝေးကိုထွက်သွားချည်။
တင်းကြပ်နေအောင်ဖက်ထားမှူတွေ
မိုးဓာတ်ရဲ့အလွမ်းတွေကို မဲ့အောင်လုပ်နိုင်သည်။

" မိုးရွာတာ ပျော်ရဲ့လား "

" မသိဘူး မိုးရွာတာပျော်တာတွေမသိဘူး
မင်းကိုအမြင်ကတ်တယ် ဘာလို့ခုမှလဲ မပေါ်လာတော့ရင် တသက်လုံးပေါ်မလာနဲ့တော့ပေါ့ ခုမှ .... ငါကချည်း အမြဲစောင့်နေရတယ်"

" ထယ်ယောင်း "

" အင်း "

" ခုကစပြီး မင်းဘက်ကစောင့်စရာမလိုတော့ပါဘူး ငါကဘဲမင်းကိုစောင့်နေပါ့မယ် "

အိမ်ထဲရောက်တော့ စကားများခြင်းလေးတွေကစလာသည်။
ဂျွန်ဂျောင်ဂုရဲ့ အဓိပ္ပာယ်မရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် စကားသံတွေကိုမကြားခဲ့ရတာဘယ်လောက်တောင်ကြာပြီလည်း။

P I E C E SWhere stories live. Discover now