23

147 17 0
                                    

Unicode

လေထဲမှာပပျောက်သွားတဲ့စကားလုံးလေးတွေက
စီးကရက်ငွေ့လောက်တောင်
မက္မောစရာမရှိ။
.....

ပြောတိုင်းပျောက်သွားတတ်ကြတဲ့စကားလုံးလေးတွေက လေပေါ်မှာအစီအရီဝဲနေရှာလို့။
စကားလေးတစ်ခွန်းရှိတယ်။
ကြားတိုင်းပျော်ရပြီး မပြောတော့တဲ့အခါငိုရတတ်စေတဲ့စကားလေး။
အန္တာရယ်လည်းသိပ်များလေတယ်။

ချိုမြိန်တယ်။
နှစ်လိုဖွယ်ကောင်းတယ်။
ထို့အတူ ကြောက်ဖို့လည်းကောင်းတယ်။
အလွယ်တကူလည်းပြတ်ချပစ်လို့ရတယ်။

အင်း...ချစ်တယ်။

အတန်းသည် မစသေး။
လူ‌ေတွ ရောက်စသာရှိသေးသည်။
ဒ‌ီနေ့အလိုကျမှ အစောကြီးရောက်နှင့်နေမိတာကျွန်တော်။ အဲ့သည်အချိန်အတွင်းဂိုဗြောလည်းရောက်လာသည် ။

" ပေါင်မုန့်သွားဝယ်မို့လိုက်္မလား "

" အပျင်းပြေသားဘဲ "

ဂိုဗြောစိတ်ကြိုက်ရွေးဝယ်ပြီးသည်နှင့် နှစ်ယောက်သား ထွက်လာလိုက်ကြ၏။

" ဂိုဗြော ခဏ "

" ဟမ် ... "

အတန်းထဲကကောင်မလေးမှဂိုဗြောကိုစကားပြောလာသည်။ကျွန်တော်ရှောင်ဖယ်ပေးရမည်ကို့
သူ့အတွက်ဆိုလိုချင်၏။

" ထယ်ယောင်း နင်သွားနှင့်ပါ့လား ငါလိုက်လာခဲ့မယ်"

" အိုကေလေ "

အတန်းထဲဝင်လိုက်တော့ ဂျယ်ဂယောင်းပါရောက်လာ၏။
လက်ပြလိုက်ကာ သူ့ဘေးကျွန်တော့်ထိုင်ခ‌ံုဆီ
သ‌ွားမိလိုက်၏။

" စောလှချည်လား "

" စောရမယ်လေ အိမ်စာမှမပြီးခဲ့တာ ဟိုကောင်ပြီးရင်ပေး ကူးမလို့ "

စာဂျပိုးကြီးလည်း အချစ်နဲ့တွေ့ပြီးနောက်ပိုင်း
ကျက်စာတွေသာဟုတ်ပေမယ့် ရေးတဲ့
အိမ်စာတွေမမှန်တော့။
အချစ်စာတွေကတော့ မှန်စမြဲပါပေါ့။

ထိုသို့ဖြစ်နေကြစဉ် ဆောင့်ကြီးအောင့်ကြီး ခြေသ‌ံကိုကြားလိုက်ရသည်။
အဝေးကကြည့်ရင်တောင်ထင်ရှားနေတဲ့ ဂိုဗြော၏
မျက်ရည်ဝိုင်းဝိုင်းတွေ။
ဘယ်လိုဖြစ်ပြီးတော့။

P I E C E SWhere stories live. Discover now