20

161 19 2
                                    

Unicode

သန်းခေါင်ယံညဆီထပ်ရောက်လာခဲ့တယ်
ကြိုဆိုမိတဲ့လက်တစ်စုံဟာ
မိုက်္မဲရင်းအိမ်မက္‌‌ေတွဆက်္မက္‌ေနပြန်ခဲ့တယ်။

........

အဆက်ဖြတ်လိုက်ပါပြီ။
ကိုယ့်ကိုကိုယ်‌သတိပေးမိတဲ့စကားတွေသည်
သူ့ miss call တွေမြင်လိုက်ရချိန်မှာ
ဘောင်မဝင်တော့။

မျှော်လင့်ချက်တွေ တပ်မက္စေမှူတွေ
ထပ်လာမပေးတော့ဘူးမလား။
မင်းကငါ့ရဲ့အတန်းဖော်တစ်ယောက်ပါ
ထိုကဲ့သို့သတ်မှတ်စေလိုက်သည်။

ဘယ်လောက်အအေးခံထားပါစေ
မကြာခင်အရည်ပျော်သွားတတ်တဲ့ရေခဲတုံးလေးတွေလို ထပ်ဖြစ်ခဲ့သည်။
အင်း...ပင်ပန်းခဲ့ပြီးပြီ။
ထပ်ပြီးပင်ပန်းစေဖို့ရာပြုလုပ်သူသည်လည်းကျွန်တော်သာဖြစ်နေလေ၏။

အနီရောင်ပေါ်နေတဲ့ နံပါတ်ကလေး။
သူရယ်ကိုယ်ရယ်ကြားမှာ ထိပ်တိုက်အနေနဲ့ဘာမှမဖြစ်ခဲ့ကြဘဲ။
မသိချင်ယောင်ဆောင်လိုက်တာဘဲပိုလွယ်ကူသွားစေမလား။
ဖြစ်ချင်ရာသာဖြစ်ပါတော့ ပြန်ဆက်လိုက်္မိသည်။

" ထယ်ယောင်း "

ကြာချိန်တောင်မစောင့်လိုက်ရဘဲ တန်းထွက်ပေါ်လာတဲ့အသံကြောင့် ဖုန်းကိုင်ထားသော
လက်ဖျားတွေသည်ရုတ်တရက်အေးစက်လာရသည်။
ဘယ်လိုတောင်...ဘုရားသခင်။

" အေး မင်းဘာပြောမလို့လဲ "

ငိုသံစွက်ချင်ချင်ရယ်။
မြန်မြန်စကားဖြတ်တောက်ပြီးဖုန်းချမှပါလေ။

" English ဆရာကြီးပုံဆွဲထားတယ် ကြည့်ချင်လား"

ပြန်မဖြေမိ။ပြန်မ‌ဖြေချင်တာလည်းမဟုတ်
ပြန်ဖြေဖို့ရာခဲယဉ်းနေမိတာ။
တစ်ခုခုထွက်လိုက်စမ်းပါပြောလိုက်စမ်းပါ။ထိုသို့ဖြစ်နေစဉ်
သူ့ဘက်ကစကားထွက်လာသည်။

" ပြမယ် "

ချောမွေ့ခြင်းမရှိတော့တဲ့စကားပြောခန်းလေးကို
ထိန်းယူနေရတဲ့လေသံတွေဟာမြင်ပြင်းကတ်ချင်စရာကောင်းသည်။
ရိပ်မိမှာပါ။မဟုတ်ဘူးသူလုပ်ခဲ့တာဘဲ ရိပ်မိတာတင်ဘယ်ကာမိမလည်း သိကိုသ‌ိနေမှာပေါ့။

Message တစ်စောင်ကျလာသည်။
ဝင်ကြည့်လိုက်တော့ အပြုံးရေးရေးလေးက ပါးပေါ်လာရောက်တယ်။
ပုံတူစစ်စစ်ကိုဆွဲထားတာ တော်သားဘဲ။

P I E C E SWhere stories live. Discover now