5

257 36 2
                                    

Unicode

ခြောက်သွေ့နေသောရထားလမ်းများ

.....

နွေရာသီ၏ပူအိုက်အိုက်ရာသီအချိန်တစ်ချိန်။
ဝင်ခါနီးအနောက်နေမင်းဟာ တက်ရမည့် အတန်းသစ်ကို စူးထိုးစွာစိုက်ရောက်နေသည်။

အလယ်တန်းနောက်ဆုံးနှစ်၏ နေ‌ွကာလသည်
ထယ်ယောင်းအတွက် စိတ်အမွန်းကြပ်ဆုံးသောအချိန်တစ်ခုဖြစ်သည်။

"တန်းခွဲ B " စိမ်းပုပ်ပုပ်ဘုတ်ပြားပေါ်မှာရေးသားထားသည့်စာတန်းအမည်အား စိတ်ရှုပ်စွာကြည့်လိုက် မိသည်။

အချစ်ဦး နောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ပြီးစာမလုပ်ခဲ့သည့်အကျိုးဆက်ကို ကောင်းကောင်းကြီးခံစားနေရခြင်းဖြစ်သည်။

" တန်းခွဲ B ကိုဆင်းလာတဲ့ ကျောင်းသားတွေအတွက် နေရာဖယ်ပေးလိုက်ကြပါအုံး "

သူငယ်ချင်းအုပ်စုက တန်းခွဲ A မှာ။
ဒီအခန်းမှာဘယ်လိုတောင်ဖြတ်သန်းရမှာပါလိမ့်။
တွေးရင်းကိုစိတ်ညစ်စကပြုလာပြန်လေ၏။

တန်းခွဲ A အဖို့တော့ အမှတ်ပေါင်းကအဆိုးရွားဆုံးဖြစ်နေပြီး တန်းခွဲ B အဖို့တော့ ကျွန်တော့်အမှတ်က
ထိပ်ဆုံးရောက်လို့နေသည်။
အဆိုးထဲက‌အကောင်းပါပေါ့လေ။

အတန်းဆင်းလာကြတဲ့ကျောင်းသားကျောင်းသူတွေနေရာယူပြီးသည်နှင့်တစ်ပြိုင်နက်တည်း
ဆရာမသည် ဆက်လက်သင်ကြားစရာရှိတာ
သင်ကြားသည်။

" အော် အားကစားထဲဘယ်သူစာရင်း‌ေပးအုံးမှာလည်း "

ထယ်ယောင်း တန်းမတ်တပ်ရပ်လိုက်သည်။

" ကျွန်တော် "

ဆရာမက နာမည်ထည့်လိုက်တော့
ကျွန်တော့်စိတ်တွေပျော်သွားရသည်။
အားကစားမှာမှသာ ကျွန်တော့်အချစ်ဦးကိုတွေ့ခွင့်ရမည့်အခွင့်အရေးလေးမဆုံးပါးသွားဘူးဆိုတာကြောင့်ပင်။

အတန်းပြီးပြီး နောက်အတန်း extra class တက်ဖို့ပြင်နေသည့် ကျွန်တော့်ကိုသူငယ်ချင်းက
လက်လာ တို့ သည်။

" အေး ပြောလေ "

" မင်းကို ဟိုကမျက်္မှန်နဲ့တစ်ယောက်က ချစ်စရာလေးလို့ပြောနေတာငါကြားလိုက်တယ် ထယ်ယောင်း "

P I E C E SWhere stories live. Discover now