အပြင်ကနေ အခန်းတံခါးခေါက်သံ
ကိုဆက်တိုက် ကြားလိုက်ရတာမို့
ဘယ်သူလဲဆိုပြီး စဥ်းစားနေတုန်းအစ်မမြတ်က အခန်းထဲကိုဝင်
လာခဲ့သည်။" အစ်မဝင်လာပြီးနော် ကလေး"
"မမြတ်"
" ဒီအတိုင်း လှဲနေ ဘာမှမဖြစ်ဘူး"
အစ်မမြတ်ကိုတွေ့တော့ လှဲနေရာ
ကနေထပြီး ထိုင်လိုက်ချိန် အစ်မ
မြတ်က ကုတင်အစွန်းမှာ ဝင်ထိုင်
လာသည်။မှေးခနဲတချက်ဖြစ်သွားတာမို့အိမ်
အောက်ကကားသံတောင်မကြား
လိုက်မိဘူး။" အစ်မ ဘယ်တုန်းကရောက်နေတာလဲ"
" အခုလေးတင်ပဲ မင်းအကိုကျော်
ပါပါတယ်လေ အောက်မှာကိုစစ်နဲ့
စကားပြောနေတယ်"ခေါင်းညိတ်ပြလိုက်ပြီး အစ်မမြတ်ကို
အသာပြုံးပြလိုက်ပေမဲ့ ကျွန်တော့်
စိတ်ထဲကနေမပါ။" နေမကောင်းဘူးဆို ကလေး။
အဖျားရှိနေတုန်းပဲလား"" ဆေးတော့သောက်ထားတယ်
အစ်မ။ တစ်ရက်နှစ်ရက်ဆိုအဖျား
ပျောက်သွားမှာပါ"" အဲ့ဒီလိုပြောလို့မရဘူးလေ အဖျား
မပြတ်ရင် ဆေးခန်းသွားမှရမှာပေါ့။
ကိုကိုက ဆေးခန်းခေါ်သွားပေးဖို့
ပြောတာစကားနားမထောင်ဘူးဆို"ကျွန်တော် ဘာမှပြန်မပြောဘဲနေတော့
အစ်မမြတ်ကလည်း စကားပြောနေ
ရာမှ ခဏရပ်လိုက်ပြီးမှ" အစ်မနဲ့မင်းအစ်ကို အခုပဲရည်မွန်
လေးကိုလူနာသွားကြည့်ပြီး ပြန်လာတာ"ကျွန်တော့် ရင်ထဲထိတ်ခနဲပင်။
"ရည်မွန် အဆင်ပြေတယ်မလားအစ်မ"
" မျက်နှာကတော့သိပ်မကောင်း
ပေမယ့် အဆင်ပြေပါတယ် ရည်မွန်က
ပျော့တယ်လို့ထင်ရပေမယ့် ကလေး
ထက်တောင် စိတ်ကမာသေးတယ်"အစ်မမြတ်က ခေါင်းငုံ့လိုက်မိ
သည့်ကျွန်တော့် အနားကိုတိုးကပ်
လာသည်။"ကြည့် ပြောရင်းနဲ့ မျက်ရည်ကဝဲ
လာပြီ ဒီကောင်လေး""အားလုံးကကျွန်တော့် အမှားပါ။
ကျနော်သာကားနဲ့ မခေါ်သွားခဲ့ရင်
ရည်မွန်ဒီလိုဖြစ်မှာမဟုတ်ဘူး။
ကျွန်တော့်ကြောင့် ရုတ်တရက်ကြီး
ကားကတိုက်မလိုဖြစ်သွားလို့ ရည်မွန်
လန့်သွားရပြီးတော့ကလေးလေးက
အဲဒီလိုဖြစ်သွားရတာ"
YOU ARE READING
Reward[Him From Final Year]
Romanceတစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....