"ဆုလာဘ်!!"
ကျွန်တော့် နာမည်ကို အကျယ်ကြီးပင်
အော်ခေါ်ပြီးအခန်းထဲပြေးဝင်လာတဲ့ အငယ်လေး။တကိုယ်လုံးလေးလံနေတာမို့လို့ အိပ်
နေရာကနေမထနိုင်ဖြစ်နေတာ ကျောပိုး
အိတ်လွယ်ထားတဲ့ အငယ်လေးကိုမြင်
တော့ချက်ချင်းထထိုင်မိသွားရသည်။ကျွန်တော့်ဆီ အငယ်လေးကပြေးလာပြီး
ကုတင်ပေါ်ပြေးတက်လာတော့
ညီအကိုနှစ်ယောက် အလွမ်းသယ်ရရင်း
အငယ်လေးကို ဖက်ထားလိုက်မိသည်။" ဘယ်လိုရောက်လာတာလဲ"
" ကိုကြီးစစ်ကြောင်းဖုန်းဆက်ပြီး
လာခေါ်ပေးတာဆုလာဘ်"" နေကောင်းတယ်မလား"
" သားကနေကောင်းတယ်လေ
ဆုလာဘ်ပဲနေမကောင်းတာ။သားကို
လည်းဘာမှမပြောသွားဘဲနဲ့ အိမ်ကနေ
ထွက်သွားတယ်ဖုန်းလည်းမဆက်ဘူး ဆုလာဘ်မကောင်းဘူး"အငယ်လေးကိုဘာမှပြန်မပြောနိုင်ပဲ
ဖက်ထားပြီး အလွမ်းသယ်နေတုန်း အနောက်ကနေလိုက်ဝင်လာတဲ့ သူ။မနက်စာသွားဝယ်ပေးမယ်ဆိုပြီး
ထွက်သွားတာ အငယ်လေးကိုပါ
သွားခေါ်ပေးမယ်မှန်းမသိခဲ့ဘူး။"ကိုယ် အလုပ်သွားရတော့မယ်
ညီလေးနဲ့မနက်စာအတူတူစားလိုက်
ဆန်ပြုတ်ဝယ်လာခဲ့ပေးတယ်"ဆန်ပြုတ်ဆိုတဲ့အသံကြားတာနဲ့
ကျွန်တော် နှာခေါင်းရှုပ်လိုက်မိသည်။" အောက်ထပ်ကို ဆင်းပြီးစားမလား
အပေါ်ယူလာခဲ့ပေးရမလား""အမ် ရတယ် နောက်မှကျွန်တော့်ဘာသာဆင်းပြီးစားလိုက်မယ်"
ကျွန်တော့် အကြံအစည်တွေကို သူ
ကကြိုသိနေသည့်အလား နာရီပတ်နေ
ရင်း ကျွန်တော့်ကို ပြန်လှည့်ကြည့်
လာသည်။" အဲဒီဆန်ပြုတ်ရဖို့ သားနဲ့ကိုကြီးစစ်ကြောင်း အဲ့ဆိုင်မှာအကြာကြီးထိုင်
စောင့်ခဲ့ရတာဆုလာဘ်""ပြောလိုက် အငယ်လေး မင်းအစ်ကို
ကိုရအောင်တိုက်"အဲ့အချိန်မှာပဲ ခြံရှေ့မှာ ဟွန်းတီးသံကိုကြားလိုက်ရသည်။
YOU ARE READING
Reward[Him From Final Year]
Romanceတစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....