On His Side

6.8K 538 80
                                    

မွေးရပ်မြေကနေ ပညာယူဖို့ထွက်ခွာ
လာခဲ့တဲ့ နေ့ရက်ရှည်​တွေ။တစ်ဖက်က​
မြေနဲ့​နေ့​တွေည​​တွေကွာခြားတဲ့ အချိန်
တွေကိုတိုက်ဆိုင်တဲ့အခါတစ်ခါတ​လေ
ဖွင့်ကြည့်ရင်း ​နေသားတကျ
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့​နေ့ရက်​တွေ။

ပုံမှန်ပဲဖြတ်သန်းခဲ့တာပါပဲ။ ရောက်ခါစ
ကတော့ ဒီမှာပဲ နိုင်ငံသားခံယူပြီး
အခြေချနေကြတဲ့ ကိုယ်နဲ့သိပ်မရင်းတဲ့
အ​မေ့ရဲ့အစ်ကို ကိုယ့်ဘကြီးတို့မိသားစု
အိမ်မှာ ဒီမှာ​နေရာရှာပြီးတဲ့အထိ သုံး​လေးရက်​လောက်နေဖြစ်ခဲ့တယ်။ ကိုယ့်မှာ မွေးချင်းမရှိဘူးဆိုပေမယ့် မိဘ နှစ်ယောက်လုံးက မောင်နှမများတော့
အမျိုး​တောင့်ပြီး အ​ပေါဆုံးက တစ်ဝမ်း
ကွဲ​တွေပဲ။​မြန်မာပြည်မှာ ရှိတဲ့သူတွေနဲ့က အရင်း​တွေလိုဖြစ်​နေ​ပေမဲ့ ​မွေးကထဲက ပြည်ပမှာအ​ခြေချခဲ့တဲ့​ဒီဘကြီးရဲ့
သားသမီး​တွေနဲ့က​တော့ မြန်မာပြည်လာလည်ကြတဲ့အချိန်နဲ့ ကိုယ်သိပ်ဝင်မကြည့်ဖြစ်ခဲ့တဲ့အငယ်မ​တွေဖွဲ့ထားတဲ့
မောင်နှမ​တွေရဲ့group chatထဲမှာ
သာ တခါတ​လေဆုံခဲ့ရသည်။ဘကြီးမှာ သားသမီးသုံး​ယောက်ရှိ​တော့ ဒီမှာလဲ
တစ်ဝမ်းကွဲ​တွေအမျိုး​တောင့်ပြန်​ရော။ဘကြီးရဲ့သမီးအကြီးဆုံးမှာ​တော့
အဖြူသားနဲ့လက်ထပ်ပြီးရထားတဲ့
ဆယ်နှစ်နဲ့ရှစ်နှစ်အရွယ် သမီး
မိန်းက​လေးနှစ်​ယောက်ရှိတယ်။ကျန်
တဲ့သားနဲ့သမီးတစ်​ယောက်က လူလွတ်။
"ကိုစစ်ကတစ်​ယောက်တည်းပညာ
လာသင်တာလား"လို့အထာပါပါ​မေး​
ကျတဲ့ ဒီနိုင်ငံသားတစ်ပိုင်းလိုကိုဖြစ်​
နေတဲ့ကိုယ့်ဘကြီးနဲ့သူ့မိန်းမကို မြန်မာ
ပြည်က​နေကိုယ် တကူးတက သယ်
ယူလာပေးတဲ့ လက်ဆောင်ကတော့
ခရီး​တွေထွက်ရတာကိုသ​ဘောကျ
တဲ့ ကောင်လေးတစ်ယောက်အ​ကြောင်း
ပဲ။​ကိုယ့်​ဘေးက လေထု​တွေက​အေးစက်သွားပြီး တစ်ခဏကြာသည်အထိ
အာ​စေးမိ​နေသလို ပါးစပ်မဟနိုင်ကြတဲ့အမျိုး​တွေ။

သူကကိုယ်နဲ့ပတ်သက်မှု​လေးပါဆိုပြီး ရင်းနှီးတဲ့သူတွေကို မိတ်ဆက်ပေးရ
မယ်ဆိုရင်လူက အမြဲတစ်​စေတက်ကြွလို့။

"အခု​တော့ တစ်ယောက်တည်းပါပဲ"
လို့​ဆက်ပြောတဲ့အချိန် ဘကြီးနဲ့ သူ့
မိန်းမက လူကြီး​တွေပီပီထပ်ဆင့်အံ့သြ​
ဟန်ရှိနေ​သေး​ပေမဲ့ ဝမ်းကွဲ​တွေရဲ့
" ဘယ်လိုပုံစံလဲ ကောင်လေးပုံမြင်ဖူး
ချင်လိုက်တာ"ဆိုတဲ့​တောင်းဆိုမှု​တွေ​
နောက်မှာပထမနှစ်​ကျောင်းသားရဲ့ဖုန်း
စခရင်​ပေါ်က မျက်နှာ​လေးကိုထုတ်
ကြွားဖြစ်ခဲ့​သေးသည်။"ချစ်စရာပဲ  ဆွဲ​ဆောင်မှုရှိတယ် အခုက ဘယ်လိုဖြစ်လို့
တစ်​ယောက်တည်းလဲ "ဆိုတဲ့မှတ်ချက်​
တွေ​နောက်မှာတူမ​လေး နှစ်ယောက်ရဲ့
ဘိုအသံပီသစွာသူတို့အ​ဖေဘာသာစကားနဲ့"သူကမင်းနဲ့လိုက်ဖက်တယ် ငါတို့
ကြိုက်တယ် ကိုစစ်"ဆိုတဲ့ စကား​သံတွေ​နောက်မှာ မုန့်ဖိုး​​တွေ​ပေးပြီးတူမလေး
တွေကို အချစ်ပိုခဲ့ရ​သေးတယ်။
ဘကြီးအိမ်မှာ​သုံးရက်လောက်နေခဲ့ပြီး အပူအပင်မထားကြတဲ့ အမျိုး​တွေကို
တော့ အားနာနာနဲ့ပဲ"​မင်းကိုကြည့်ရ
တာကွာ"ဆိုတဲ့အား​မလိုအားမရအသံ
တွေနဲ့အတူ မွေးရပ်​မြေကပါလာတဲ့
အ​ဆွေးဓါတ်​​ခံ​လေး​တွေလက်​ဆောင်​
ပေးဖြစ်ခဲ့သေးတယ်။

You've reached the end of published parts.

⏰ Last updated: Oct 14, 2023 ⏰

Add this story to your Library to get notified about new parts!

Reward[Him From Final Year]Where stories live. Discover now