Chapter-45

21.2K 1.7K 211
                                    

ဆိုင်ရှေ့မှာရပ်ထားတဲ့ ကိုစစ်​ကြောင်းကား
ကိုအဝေးကနေတွေ့တာနဲ့ လမ်းကို
ဖြတ်ကူးပြီး ဆိုင်ကယ်ကို အရှိန်တင်
မောင်းကာ ရပ်ထားတဲ့ကားဘေးမှာ
ဆိုင်ကယ်ကိုကပ်ရပ် လိုက်သည်။ပြီး
တာနဲ့ဆိုင်ကယ်ပေါ်က အမြန်ဆင်းပြီး
အနောက်ကနေထိုင်ကာ လိုက်လာပေး
သည့်မေမီ့ကိုဦးထုပ်ကမ်းပေးလိုက်
တော့မေမီကအရှေ့တိုးပြီး မောင်းတဲ့
သူနေရာမှာ ထိုင်လိုက်သည်။

"ဆုလာဘ် နင်တစ်ယောက်ထဲဖြစ်ရဲ့လား"

"ဖြစ်တယ် နင်ဆိုင်ကယ်ယူပြီးမြန်မြန်သွားတော့"

"ငါ လာပြန်ကြိုပေးရမယ်ဆိုရင် ဖုန်းဆက်နော်"

"မဆက်ပါဘူး လာပြန်ကြိုစရာမလိုဘူး"

မေမီက ကျွန်တော့်ကိုကြိုးစားထားဆိုတဲ့
ပုံနှင့် မျက်နှာကိုလုပ်ပြသည်။

"ဒီတစ်ခါ စကားသေချာပြောနော်"

"သိတယ်"

"ဖိုက်တင်း သားလေး"

ဆ်ုင်ကယ်ပေါ်ကနေ ကျွန်တော့်ပုခုံးကို
လှမ်းပုတ်ကာအားပေးသွားပြီး မေမီက
ကျွန်တော်မှာထားတဲ့အတိုင်း ဆိုင်ကယ်
ကိုပြန်မောင်းသွားပေးသည်။

သူ ဘယ်သွားသွားလိုက်ဖို့ ဆုံးဖြတ်
ထားပေမဲ့ သူ့ကိုယ်ပိုင်အချိန်ကိုတော့
အမြဲမနှောင့်ယှက်ချင်ပါ။ဒါပေမဲ့ ဒီတစ်ခါ
တော့ ကျွန်တော်သတင်းကြားတာနဲ့စိုးရိမ်
ပြီးတော့ကို အမြန်လိုက်လာရတာ။သူ
ကတော့ ပြန်ရောက်လာတာမှ မကြာသေး
ဘူး သူလုပ်ချင်တာတွေကိုလုပ်နေပြီလေ။

နေအပူက ကျွန်တော့်ရဲ့စိုးရိမ်စိတ်တွေ
ကိုပို၍ထပ်တိုးစေသည်။

……

စိုးရိမ်စိတ်တွေနဲ့ဆိုင်ရဲ့ တံခါးကို ကျွန်
တော်အမြန်ဆွဲဖွင့်လိုက်ပြီး ခေါင်းပဲဖော်
ကာကြည့်လိုက်တော့ ဆိုဖာပေါ်မှာထိုင်
နေပြီး တစ်ခြားသူ့ဘော်ဒါတွေနဲ့ စကား
ပြောနေတဲ့ကိုစစ်​ကြောင်းကို တွေ့လိုက်သည်။အခုမှပင် ပူပင်နေတဲ့စိတ်က။

သူလည်း အခုလေးတင်မှရောက်လာ
တယ်ထင်တယ် ကျွန်တော်တားဖို့အချိန်
မှီနိုင်လောက်သေးတယ်။တော်ပါသေးရဲ့။

Reward[Him From Final Year]Where stories live. Discover now