Chapter-6

17.7K 1.6K 69
                                    

ရက်သတ္တပတ်တွေကုန်ဆုံးလို့ ဒီဇင်ဘာလ
ရဲ့အဆုံးမှာ နှစ်ဟောင်းကနေနှစ်သစ်ကို
ပင်ရောက်ရှိသွားလေပြီ။ကျောင်းဖွင့်တာ
လည်း ဘာလိုလိုနဲ့တစ်လပင်ရှိပြီ။ဒီလိုဆို
တော့လည်း ကျောင်းတက်ရတဲ့ရက်တွေက
တစ်ဖြည်းဖြည်းနဲ့ သတိမထားမိအောင်
ကုန်ဆုံးနေတာပါပဲ။

ပြဿနာဖြစ်ပြီးတဲ့နေ့ထဲက ကျွန်တော်
အတတ်နိုင်ဆုံး ကျောင်းရောက်တာနဲ့
အတန်းထဲမှာပဲနေတယ်။နေ့လည်ဘက်
အတန်းခဏနားရင်တောင် ဘယ်မှမသွားပဲ
အတန်းထဲမှာပဲနေတယ်။ဒီလောက်ကျယ်
တဲ့ကျောင်းထဲမှာမေဂျာမတူတဲ့ အဲ့ဒီ
အစ်ကိုကြီးနဲ့ တော်ရုံမတွေ့နိုင်လောက်
ဘူးဆိုတာသိပေမဲ့ မတော်တဆပင်မတွေ့
ရအောင် ရှောင်ဖြစ်သည်။ချမ်းမြေ့ကတော့
အဲ့လောက်ရှောင်စရာမလိုပါဘူး အဲ့ဒီ
အစ်ကိုက ကျောင်းကိုတော်ရုံမလာဘူးလို့
အားပေးပေမဲ့ ကျွန်တော်ကြောက်တယ်။
အဲ့ဒီလူနဲ့ မတော်တဆပဲဖြစ်ဖြစ်ဘယ်တော့
မှထပ်မတွေ့ချင်တော့ဘူး။ဒီကိစ္စဖြစ်ပြီးမှ
ကိုယ့်ဘဝကိုယ်ပိုပြီးသိလိုက်တယ် ကိုယ်နဲ့
မဆိုင်တဲ့နေရာမှာ မစဉ်းစားမဆင်ခြင်ပဲ
ဝင်မပါသင့်ဘူး ကိုယ်နဲ့အဆင့်အတန်းအများ
ကြီးကွာခြားတဲ့ သူနဲ့ ပြဿနာမဖြစ်သင့်
ဘူးဆိုတာ သင်ခန်းစာရလိုက်ပါတယ်။

အတန်းထဲမှာက ဆရာမမဝင်သေးလို့
ကျောင်းသားတွေနဲ့ အနည်းငယ်ဆူညံ
နေသည်။အားကစားပွဲတွေစဖို့လည်း
နီးနေပြီတဲ့။စာတွက်ရင်း ဘေးကိုကြည့်
လိုက်တော့ ခုဏလေးကမှထိုင်ရင်း ဖုန်းပြော
နေတဲ့ ချမ်းမြေ့မရှိတော့။ဟိုဘက်အတန်း
ကိုသွားလည်ပြန်ပြီ ထင်ပါတယ်။မေမီက
စားပွဲပေါ် လက်ထောက်ကာ နားကြတ်နဲ့
သီချင်းနားထောင်နေပြီး ရည်မွန်ကတော့
မျက်နှာကိုဖုန်းထဲဝင်တော့မတတ် ကြည့်ပြီး
စာပို့နေကာဘာတွေ ဒီလောက်စိတ်ဝင်စား
နေလဲ မသိပါ။

"ရည်မွန် နင်အခုဘယ်သူနဲ့စကားပြော
နေတာလဲ"

သီချင်းနားထောင်နေရာကနေရုတ်တရက်
မေမီက သူ့နားထဲကနားကြတ်ကို
ဆွဲဖြုတ်လိုက်ပြီး ခေါင်းကိုအသည်းအသန်
ငုံ့ကာဖုန်းသုံးနေတဲ့ရည်မွန်ကိုလှမ်းမေး
လိုက်သည်။ပြန်မဖြေတဲ့ ရည်မွန်လက်ထဲက
ဖုန်းကိုကြည့်မလို့လုပ်နေတဲ့မေမီကိုရည်မွန်
ကမပေးကြည့်ပဲချက်ချင်းဖွက်နေတော့
အံ့သြစိတ် ပင်ဖြစ်မိသည်။ရည်မွန်လိုမျိုး
အေးလွန်းတဲ့ အထူးသဖြင့် ကျွန်တော့်တို့
သူငယ်ချင်း တွေကြားမှာတစ်ယောက်ကို
တစ်ယောက် ဘာလျှို့ဝှက်ချက်မှမရှိခဲ့ပဲ။

Reward[Him From Final Year]Where stories live. Discover now