Chapter-22

16.9K 1.7K 248
                                    

"ရှေ့နားမှာရောက်ပြီဆုလာဘ် ဒီအိမ်ပဲ"

အိမ်ကြီးတစ်အိမ်ရဲ့ ခြံရှေ့
မေမီ ဆိုင်ကယ်ရပ်လိုက်တဲ့အချိန်
ကျွန်တော် ဦးထုပ်ချွတ်ပြီးဆိုင်ကယ်
ပေါ်ကဆင်းလိုက်သည်။ဆိုင်ကယ်
နည်းနည်းဝေးဝေးစီးလာရတာကြောင့်
လည်းနေအပူမှာ ကျွန်တော့်နဖူးက
ချွေးစို့ချင်နေသည်။

"ဒီအိမ် သေချာလား မေမီ။
အိမ်နံပါတ် ကိုကြည့်အုံး"

"အော် သေချာပါတယ်ဆို။ကိုဝဏ္ဏ
အထဲမှာရှိနေတယ် ငါ့ကိုဖုန်းဆက်
ထားပြီးသား"

မေမီက ဆိုင်ကယ်ကို ရပ်ထား
လိုက်ပြီးကိုဝဏ္ဏကိုဖုန်းဆက်ခေါ်နေ
လေသည်။

အခုက ဒီနေ့ ကျောင်းပိတ်ရက်မှာ
ကျွန်တော်တို့နှစ်ယောက်
ရည်မွန်နဲ့ ကိုဝဏ္ဏကိုခိုးပြီးတွေ့ပေးဖို့
အကျိုးတော်ဆောင် နေရတာပင်။
ရည်မွန့်ကို သူ့အဖေကြီးက
ကျောင်းပေးမတက်ပဲ အဘွားအိမ်
ပို့လိုက်တာကပဲ ကျွန်တော်တို့
အတွက် အခွင့်အရေးဖြစ်သွားသည်လေ။
ရည်မွန့်အဘွားကသူ့မြေး စိတ်
ဆင်းရဲနေတာကို မကြည့်ရက်ဘူး။
အဲ့တာကြောင့် ကိုဝဏ္ဏက ရည်မွန်
ကို တွေ့ရအောင်မေမီ့ကို အကူအညီ
တောင်းတော့ ဒီကိုကျွန်တော်ပါ ပါလာ
ရတော့တယ်။

ကျွန်တော်ရပ်နေရင်းနဲ့ မျက်စိရှေ့
ခြံဝန်းထဲက ခန့်ညားလွန်းနေသည့်
အဖြူရောင်နှစ်ထပ်တိုက်အိမ်ကြီး
ကိုအပြင်ကနေ မော့ကြည့်နေမိ
သည်။တစ်အိမ်လုံးက အဖြူရောင်
ဖြစ်သော်လည်း ခြံတံခါးသံပန်းနဲ့
အပေါ်ထပ်ဝရံတာက အကာအရံ
ဒီဇိုင်းတွေ တစ်ချို့နေရာတွေကို
အမည်းရောင်သုံးထားသည်။
သိပ္ပံလမ်းနဲ့နီးပြီး ဘေးအိမ်တွေ
ကလည်း တိုက်တွေအပြိုင်အဆိုင်နဲ့
အဖြူနဲ့အမည်းကို သာသုံးထားသည့်
အိမ်ပုံစံက ကျွန်တော့်မျက်လုံးထဲမှာ
ထည်ဝါလွန်းနေသည်။ဝိုး ကိုဝဏ္ဏတို့
အိမ်က ဒီလောက်တောင်ချမ်းသာတာလား။

ကျွန်တော်ခေါင်းတညိတ်ညိတ်နဲ့
ကြည့်နေရင်းနဲ့ မေမီကကိုဝဏ္ဏကို
ဖုန်းဆက် ခေါ်နေသောကြောင့်
ခြံထဲ ချောင်းကြည့်လိုက်မိရာအိမ်ရှေ့
မျက်နှာစာအောက်မှာ ရပ်ထားသည့်
အနက်ရောင် ပြိုင်ကားကိုတွေ့လိုက်
သည်နှင့် မျက်မှောင်ကျုံ့လိုက်မိသည်။
ဒီကားကို ကျွန်တော်မမှတ်မိစရာ
အကြောင်းမရှိ။

Reward[Him From Final Year]Where stories live. Discover now