Chapter-10

19.1K 1.8K 149
                                    

"နောက်တစ်ခါကျောင်းကို လိုက်မပို့နဲ့တော့
နော် ကျွန်တော့်ဘာသာလာလို့ဖြစ်တယ်"

"ဘာဖြစ်လို့လဲ ဆုလာဘ်။ကိုယ့်ညီ ကိုယ်
ကျောင်းလိုက်ပို့တာပေးပဲ မင်းအစ်ကိုက
ဒီလောက်တော့ အချိန်ရှိပါတယ်"

ကျောင်းလိုက်ပို့ပေးသည့်ကိုဇော်ကို ကားပေါ်
ကဆင်းအပြီး အပြင်ဘက်ကနေနှုတ်ဆက်
နေရင်း ကျောင်းဝင်းထဲ ဟိုကြည့်ဒီကြည့်
လုပ်ရသည်။

သူ့ကိုအားနာပြီး လိုက်မပို့ခိုင်းစေချင်တာလို့
ထင်နေသော ကိုဇော်က ကျွန်တော့်ကိုကား
ထဲကနေ ကြည့်နေပြီး မျက်နှာမကောင်း။

"မဟုတ်ဘူး ကိုဇော်မသိဘူး။ဘာ ဘာပဲဖြစ်
ဖြစ် ကျွန်တော်တို့ကျောင်းကို ကိုဇော် နောက်
တစ်ခါမလာတာအကောင်းဆုံးပဲ။အခုကျောင်း
ထဲကနေ မြန်မြန်သွားတော့နော်"

"ဆုလာဘ် မင်းဘာဖြစ်နေတာလဲ အခုတစ်
လော တစ်ယောက်ထဲ ပုံမှန်မဟုတ်သလိုပဲ။
နေမကောင်းဘူးလား"

ကျွန်တော်ကိုစူးစမ်းသလိုကြည့်နေပြီး ကားပေါ်
ကဆင်းလာချင်နေသည့်ကိုဇော်ကို ပေးဖို့
အကြောင်းပြချက်တွေ စဉ်းစားနေရသည်။

ဒီနေ့ မေမီနဲ့ရည်မွန်ကကျောင်းမလာဘူး။
ရည်မွန့်အမျိုး မင်္ဂလာဆောင်အိမ်ရှိလို့ ဝိုင်းကူ
ပေးရင်းလိုအပ်တာတွေ သွားဝယ်ကြမယ်ဆို
လား မိန်းကလေးတွေကြီးပဲဆိုတော့ ကျွန်တော်
မလိုက်ပဲတစ်ယောက်ထဲကျောင်းလာခဲ့တာ။
ကိုဇော်က ကျွန်တော်တစ်ယောက်ထဲဖြစ်နေ
လို့ကျောင်းလိုက်ပို့ပေးတာငြင်းလို့လည်းမရ။
ကျွန်တော်စိတ်ပူနေတာ ကိုမင်းစစ်ကြောင်းနဲ့
မတော်တဆများတွေ့သွားရင်တော့ ဒုက္ခပါပဲ။
သူ့ကောင်မလေးကိုဖြတ်လုသွားတဲ့ လူက
သူ့ကျောင်းကိုနယ်ကျော်ပြီး ရောက်လာတာ
သိသွားရင်မှဖြင့်။

"ဆုလာဘ် ကိုယ်ပြောနေတာကြားလား"

"မဟုတ်ဘူး ဟို ကိုဇော်နဲ့သဘောတူထားတဲ့
အစ်မကြီးတွေ့ရင် ကိုဇော်ကိုတစ်မျိုးထင်သွား
မှာစိုးလို့ပါ။ဟုတ်တယ် အဲ့ဒီအစ်မကြီးနဲ့
ကိုဇော်တို့ ထပ်မတွေ့ဖြစ်ကြသေးဘူးမလား
တော်ကြာကျောင်းရောက်လာပြီး သူ့ညီတော့
လာပို့တယ် သူ့ဆီတော့လာမတွေ့ဘူး ဆိုပြီး
ထင်မှာစိုးလို့။အဲ့တာကြောင့်"

Reward[Him From Final Year]Where stories live. Discover now