"ဆုလာဘ် ငါလဲလိုက်မယ်"
"ကျောင်းသွားမှာ လိုက်လို့မရဘူးလေ
အငယ်လေး။အိမ်မှာပဲနေခဲ့နော် ပြန်လာရင်
မုန့်ဝယ်ခဲ့ပေးမယ်"မီးဖိုချောင်ထဲ အခုမှအိပ်ရာထပြီးပြေးဝင်
လာတဲ့အငယ်လေးကိုအဖေက မနက်စာ
စားနေရင်း စီးကြိုကာ သူ့ပေါင်ပေါ်ပွေ့တင်
လိုက်သည်။သူ့သားဆိုရင် အဖေကအဲ့လိုပဲ
လက်က မချအောင်ကိုချစ်တာ။အဖေအလုပ်
သွားဖို့ ထမင်းချိုင့်ပြင်ပေးနေရင်း ထမင်း
စားပွဲမှာအငယ်လေးကအဖေ့ကိုပူဆာနေ
သည်ကိုလှည့်ကြည့်ရင်းကျွန်တော်
ပြုံးလိုက်သည်။"ဆုလာဘ် ငါလဲမင်းနဲ့လိုက်မယ်ဆို
အဖေကမရဘူးတဲ့ အီးဟီး""သားငယ် ကိုယ့်အစ်ကိုကိုဘယ်လိုခေါ်ရ
မယ်လို့ ဖေဖေသင်ပေးထားလဲ။ကိုယ့်ထက်
အကြီးကိုအဲ့လိုမခေါ်ရဘူးလေ ငရဲကြီးမယ်""ကလေးခေါ်ချင်သလိုခေါ်ပါစေလား ရှင်က
လဲ အားလုံးကဒီလိုပဲခေါ်လို့ကလေးသဘာဝ
လိုက်ခေါ်တာငယ်သေးလို့ပေါ့။နောက်ကြီး
လာရင် သူ့ဘာသူသိသွားလိမ့်မယ်"အငယ်လေးအနောက်ကနေ လိုက်ဝင်လာတဲ့
အန်တီဆွေကလည်း ဆံပင်ပွယောင်းနှင့်
အခုမှအိပ်ရာထကာ ကျွန်တော်ချက်ထား
သည့်ဟင်းအိုးတွေကိုလှန်ကြည့်ပြီးမှ မျက်နှာ
သစ်ဖို့အိမ်အောက်ဆင်းသွားသည်။"ဒါကငယ်သေးလို့ဆိုပြီးထားရမဲ့ ကိစ္စမှ
မဟုတ်တာ။ငယ်ငယ်ထဲကဒီလိုပဲခေါ်နေလို့
အကျင့်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ""မပြောနဲ့တော့ အဖေ။ခေါ်ပါစေ အငယ်လေး
ကလိမ်မာပါတယ် သားတစ်ဖြည်းဖြည်း
သင်ပေးလိုက်မယ်"အဖေ့စကားကို မကြားသလိုပင်အိမ်အောက်
ဆင်းသွားတဲ့ အန်တီဆွေကြောင့်အဖေ
မျက်နှာမကောင်းမဖြစ်ခင် ပြင်ပေးထားတဲ့
ထမင်းချိုင့်ပေးရင်း အငယ်လေးကိုအဖေ့
ပေါင်ပေါ်ကနေအဖေထမင်းအေးအေးဆေး
ဆေးစားလို့ရအောင် ခေါ်လိုက်သည်။"ဆုလာဘ် မနက်စာဘာရှိလဲ"
"ထမင်းကျော်ထားတယ် နေ့လည်ထမင်း
ဟင်းလည်းအကုန်ကျက်ပြီ။မလုံး အငယ်လေး
ကိုတော့ မျက်နှာသစ်ပေးပြီးထမင်းကျွေးပေး
နော် ကျွန်တော်ကျောင်းသွားရတော့မယ်။
မနက်စာ ထမင်းကျော်တော့မကျွေးနဲ့
ရင်ပြည့်မှာစိုးလို့ ဟင်းနဲ့ပဲများများကျွေးပေး"
YOU ARE READING
Reward[Him From Final Year]
Romanceတစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....