Chapter-40

15.8K 1.5K 502
                                    

"ကိုစစ်ကြောင်း ဒီနေ့မနက်သွားမှာ
ဆုလာဘ်။ဖုန်းတစ်ခါလောက်ဆက်ပြီး
နှုတ်ဆက်တဲ့အနေနဲ့ နင်စကားမပြော
ပေးလိုက်ချင်ဘူးလား"

မနက် စောစောမေမီ အိမ်ကိုရောက်
လာပြီး ပြောပြသည့်အကြောင်းအရာက
တစ်ချိန်လုံး စိတ်ထဲကမထွက်။မတွေးမိ
အောင် အိမ်အလုပ်တွေ လုပ်နေပေမဲ့
စိတ်မပါသလို ကျွန်တော်ဘာတွေ ဖြစ်
နေမှန်းမသိပါ။

တစ်ခုခုမလုပ်ပဲ ဒီအတိုင်းထိုင်နေရင်
ပိုဆိုးသည်မို့ ထမင်းဟင်းချက်လို့ပြီး
တော့ လျှော်စရာရှိသည့်အဝတ်တွေ
လျှော်ဖို့ ပြင်လိုက်သည်။

အိမ်ဘေးက ရေချိုးကန်ဘေးမှာ
အဝတ်တွေလျှော်နေသည့် ကျွန်တော့်ကို
မေမီက အိမ်နောက်ဖေး မလှမ်းမကမ်း
ကနေ ထိုင်ကာ ကြည့်နေသည်။

"ဆုလာဘ်"

လက်ထဲက အကျီ င်္ကိုဆပ်ပြာတိုက်ပြီး
သေချာလျှော်ဖွတ် နေတုန်းက မေမီက
ကျွန်တော့်ကိုခေါ်နေသည်မို့ စိတ်မရှည်
စွာနှင့်။

"ဘာလဲ ငါမအားဘူး။ဖုန်းဆက်မဲ့
အကြောင်း ထပ်မပြောနဲ့"

"မဟုတ်ဘူး။နင်အခု ဘာတွေလုပ်နေတာလဲ"

"ငါအဝတ်လျှော်နေတာ နင်မတွေ့ဘူးလား"

မေမီကို လှမ်းပြောလိုက်မိသည့်အသံ
ကပင် အားပါသွားသည်။အဝတ်လျှော်
နေတာကို မြင်လျက်နဲ့မေမီကျွန်တော့်ကို
ဘာတွေလာမေးနေမှန်းမှမသိတာ။

လက်ထဲက အဝတ်ကို ထပ်ပြီး ဆပ်ပြာ
တိုက်နေတုန်း မေမီက သူထိုင်နေရာ
ကနေထလာပြီး ကျွန်တော့်အနား
လျှောက်လာသည်။

ကျွန်တော့် ရှေ့တည့်တည့်မှာ ထိုင်ချပြီး
မျက်နှာမကောင်းလျက်ကြည့်လာသည့်မေမီ။

"ဒီအဝတ်တွေကို နင်အခုလေးတင်ပဲ
လျှော်ပြီးလို့ ရေသုံးခါတောင် ဆေးပြီးပြီ
လေဆုလာဘ်"

လျှော်လက်စ အကျီ င်္ကိုကိုင်ထားသည့်
ကျွန်တော့်လက်တွေရပ်တန့်သွား ချိန်
မေမီကို ကျွန်တော် ရဲရဲမကြည့်ရဲတော့ပါ။

အသိဝင်လာတာနဲ့ မေမီ့ကိုမျက်နှာလွှဲပြီး
အယောင်ယောင်အမှားမှားနှင့်။

Reward[Him From Final Year]Where stories live. Discover now