Chapter-47

30.7K 1.5K 75
                                    

"ဂရုစိုက်ပြီးတော့ ပြန်နော်အစ်မ
ခရီးလမ်းဖြောင့်ဖြူးပါစေ"

နှုတ်ဆက်စကားပြောနေတာက
ကျွန်တော် ဖြစ်သော်လည်းအစ်မ
ခြူးသက်ပန်က ကိုစစ်​ကြောင်းမျက်နှာကိုသာကြည့်နေသည်။

ဒီ​နေ့အစ်မခြူးသက်ပန်က ရန်ကုန်
ပြန်တော့မှာမို့လို့ကိုစစ်​ကြောင်း နဲ့
ကျနော်ကလေဆိပ်ကိုလိုက်ပို့ပေးတာ။

ရန်ကုန်မှာတစ်လလောက်နေပြီးရင်
အစ်မခြူးသက်ပန်က UKကိုပြန်
မယ်တဲ့။ အဲဒီမှာပဲအခြေချမှာ​လေ
အစ်မခြူးသက်ပန်က ။

"ရည်းစားနဲ့ပြန်အဆင်​ပြေသွားပြီ
ဆိုတော့ သူငယ်ချင်းကိုတောင်
ဂရုမစိုက်တော့ဘူးပေါ့။နင်ဘယ်
လောက်ထိ​ကျေနပ်​နေလဲဆိုတာ
မျက်နှာမှာပေါ်နေတယ်နော် စစ်​ကြောင်း"

" လေဆိပ်လိုက်ပို့ပေးတာ ပဲမလား
စကားမများနဲ့ သွား​တော့"

" ရက်စက်လိုက်တာ မင်းစစ်ကြောင်း"

အစ်မခြူးသက်ပန်က ခံစားသွားရ
သလိုနှင့် ကိုစစ်​ကြောင်းကို​ကြည့်​နေပြီး​နောက်

" အသည်းကွဲနေရတဲ့ခံစားချက်ပဲ။
ငါမရရင်တောင် နင့်ကိုတစ်ယောက်ထဲ
ပဲ​နေ​စေချင်ခဲ့တာ"

" ပေါက်ကရတွေ ပြောမ​နေနဲ့ သွား​တော့"

အမခြူးသက်ပန်က မျက်နှာ
မကောင်းဖြစ်နေ​သော်လည်း

ကိုစစ်​ကြောင်းက ​တော့ ​ဘေးက
ကျွန်​တော့်ရဲ့မျက်နှာကိုသာ အကဲခတ်​နေသည်။

" မင်းက​တော့ပျော်နေမှာပဲနော်
တို့ကတော့ အသည်းကွဲပြီး အိမ်ပြန်ရပြီ"

"စမ​​နေနဲ့​တော့ ခြူးသက်။အချိန်
လွန်သွားမယ် လေယာဉ်ပေါ်တက်တော့"

" နင်ငါ့ကို မန်း​လေးက​နေမောင်း
ထုတ်ချင်​နေတာနဲ့ အတင်းမနှင်ပါနဲ့။
လေယာဥ်ထွက်မဲ့ချိန်က လို​သေးတယ်"

အစ်မခြူးသက်ပန်က သူ့ကို
မကျေနပ်သလိုပြန်ပြောရင်း ကျနော့်ကို
စိုက်ကြည့်လျက်။

" လူကိုရမယ်ဆိုရင်တောင် စိတ်ကို
မရမှန်းသိလို့ အစ်မက စစ်ကြောင်းနဲ့ friend zoneက​နေ ရှေ့ဆက်မတိုး
ပဲ​နေခဲ့တာ​နော်။ မဟုတ်ရင်ဒီအချိန်
အသည်းကွဲပြီးငိုနေရတဲ့လူက
မင်းဖြစ်နေလောက်ပြီ"

Reward[Him From Final Year]Where stories live. Discover now