Chapter-13

17.8K 1.7K 117
                                    

"အတန်းက အားကစားပွဲတွေရှိလို့
နေ့လည်စာသင်တော့ဖို့မသေချာဘူးတဲ့"

အခန်းရှေ့ကနေ Ecဆော်သြလိုက်တဲ့
အဆုံးမှာတစ်ခန်းလုံး လှုပ်လှုပ်ရှားရှား
ဖြစ်သွားပြီးဆူညံသွားသည်။တစ်ကယ်
တော့ အတန်းထဲမှာမနက်tutoဖြေပြီး
ထဲက လူသိပ်မရှိတော့ မေဂျာတီရှပ်
တွေ ဆင်တူဝတ်တဲ့သူတွေကဝတ်နဲ့
ဘော်လီဘောပွဲကို အားပေးဖို့အားကစား
ရုံကိုခြေလှမ်းနေကြပြီ။

"ကဲ ကိုယ့်မေဂျာကိုယ်သွားအားပေးရ
တော့မှာပေါ့"

"မိန်းမ ရှင်နော် မပြောချင်ဘူး။ကိုယ့်
မေဂျာကိုယ်အားပေးမှာလား မသိရင်
ခက်မယ် ယူ့ဘဲဘဲကိုသွားအားပေးမလို့
မလား"

"ရှူး တိုးတိုး ငါ့ကိုဟိုဘက်မှာတွေ့ရင်
မသိချင်ယောင်ဆောင်ပေးကြနော် ဟီး"

ကျွန်တော်တို့ အရှေ့အတန်းကတစ်
ယောက်ကသူ့ဘဲ ဘော်လီဘောအသင်း
ထဲမှာပါပြီးမေဂျာကမတူတော့ မေမီစနေ
သည်ကို မျက်နှာချိုသွေးရယ်ပြပြီးအခန်း
ထဲကထွက်သွားသည်။မေမီကတော့လေ
အရှေ့မကြည့်နောက်မကြည့်နဲ့ သူများကို
သွားပြောနေတယ်။

တစ်ဖြည်းဖြည်းနဲ့ အခန်းထဲမှာလည်း
သူ့အုပ်စုနဲ့သူ ထွက်သွားကြတာကျွန်
တော်တို့ဘက်မှာကလွဲလို့ လူသိပ်မရှိတော့။

"ဒေါ်ကြီးရည်မွန် ရှင်ရော တို့မေဂျာနဲ့
ရှင့်ဘဲကြီးမေဂျာ ထိပ်တိုက်တွေ့ရင်
ဘယ်ဘက်ကို အားပေးမှာလဲ"

"အဲ့တာက"

"တော်ပီအေ မပြောနဲ့တော့ မောတယ်။
ဆုလာဘ် နင်ဘာဖြစ်လို့တစ်မနက်လုံး
စကားမပြောပဲ မှိုင်နေတာလဲ"

သူ့လဲဘာမှမလုပ်ပါပဲနဲ့ rsတွေကို
ကြည့်မရဘူးဆိုပြီး အတန်းထဲကသူတွေ
ကို ရန်လိုက်ရှာနေတဲ့မေမီကမောသွား
တော့ ကျွန်တော့်ဘက်လှည့်လာသည်။

စာတွက်နေရာကနေ ကျွန်တော်မမော့
ကြည့်နိုင်ပဲ။

"ဘာမှမဖြစ်ပါဘူး"

"နင့်အိမ်နဲ့ဘာဖြစ်ထားပြန်ပြီလဲ ဟို
ဘွားတော်ကြီးနင့်ကို အနိုင်ကျင့်ပြန်ပြီ
မလား။ငါနော် ငါစိတ်ရှိအတိုင်းသာ
သွားသောင်းကျန်းလိုက်ရ"

Reward[Him From Final Year]Where stories live. Discover now