Chapter-2

23.7K 1.7K 37
                                    

"မူယာ နင်အခုထိပြင်လို့မပီးသေးဘူးလား
ရှစ်ခွဲနေပြီ"

"အေ ခဏနေကြအုံး ဒီမှာဆံပင်ပုံသွင်းဖို့
ကျန်သေးလို့"

"တစ်ရေးအိပ်လိုက်ကြအုံးလို့သာ ပြော
လိုက်တော့ဟယ်"

အခန်းထဲကို ဝင်လာကြတဲ့မိန်းမတွေကို
မှန်တင်ခုံကနေ ထိုင်လျက် မရွှေ့နိုင်ပဲ
အနောက် လှည့်မကြည့်နိုင်။မူယာအကြိုက်
ဆုံးဖြစ်သည့် lipstickအနီရဲရဲကို
ဂရုတစိုက်ဆိုး နေသောကြောင့်ပင်။

"ဒယ်ဒီ နဲ့ မာမီ နင်တို့ကိုကောလိုက်
ကြသေးလား။ဒီတစ်ခါnight outထွက်ဖို့
ကိုမနဲ ပါမစ်တောင်းထားရတယ်"

"မိန်းမ နင်ကလဲလွန်တာကို ဒီလောက်
night outထွက်ခွင့် လွတ်လပ်ခွင့်ပေးထား
တဲ့ကြားက ညနက်သွားတယ်ဆိုတာဘယ်
မိဘက စိတ်ချတော့မလဲ။နင့်မိဘတွေက
အမြင်ကျယ်ကြလို့ တော်သေးတယ်။နေစမ်း
ပါအုံး နင်တို့နှစ်ယောက် အဲ့လောက်ညနက်
တဲ့အထိ ဘာလုပ်နေကြတာလဲ"

"ည တစ်နာရီဆိုတာအဲ့လောက် နောက်
မကျပါဘူးဟာ ငါတို့ကားထဲမှာပဲထိုင်နေ
ကြတာ။ပြီးတော့ အဲ့နေ့ညက စိတ်ဆိုးနေ
တာနဲ့ အိမ်မပြန်ဘူးဆိုပြီး စစ်ကြောင်းကို
ငါနည်းနည်း ရစ်ပေးလိုက်တာ"

နှုတ်ခမ်းနီဆိုးလို့ပြီး ဆံပင်အကောက်သား
တွေကိုပုံသွင်းလို့ပြီးတော့ ကိုယ့်မျက်နှာ
ကိုယ်မှန်ထဲယုံကြည်မှုရှိစွာနဲ့ပြန်ကြည့်
လိုက်တဲ့အချိန်အားလုံး perfect။

အနောက်လှည့်ကာ အိတ်ယူဖို့လုပ်တော့
night outထွက်ပြီဆိုအဖွဲ့ထဲအမြဲတက်ကြွ
အမြဲလန်းနေသည့် ရွှေစင်ကဆိုဖာပေါ်မှာ
ထိုင်ပြီး ဘာမှမပြင်မဆင်နဲ့မှိုင်တွေလို့နေ
သည်။

"နဒီ အဲ့ဟာမ ဘာဖြစ်နေတာလဲ။စိတ်မပါ
ရင်လည်းခေါ်မလာနဲ့ အိမ်မှာပဲ အိပ်နေခိုင်း
ပါလားဟာ"

"ဒီဟာမ အကြီးကြီးရှသွားတယ်လေ။အပြင်
လေး ဘာလေးမခေါ်ရင်လည်းအခန်းထဲပိတ်
ပြီး သေတော့မယ် အခြေအနေမှာရှိတယ်"

"ဘာလဲဟ ရှတယ်ဆိုတာ"

မျက်ကွင်းတွေညိုပြီးမှိုင်တွေနေသည့်ရွှေက
ချက်ချင်းပင် ဘေးကနဒီကိုအလျင်အမြန်
ပါးစပ်လှမ်းပိတ်သည်။နဒီက ပြန်ရုန်းထွက်ပြီး

Reward[Him From Final Year]Where stories live. Discover now