Chapter-17

16.8K 1.6K 210
                                    

"ရာသီဥတုကလည်း ပူနေတော့
ice latteလေးသောက်လိုက်ရတာ
ရင်ထဲ အေးသွားတာပဲ"

ကိုယ့်ကို ဆွဲဆောင်မှုရှိရှိပြုံးပြနေတဲ့
မူယာနဲ့ စားပွဲဝိုင်းမှာမျက်ချင်းဆိုင်
ထိုင်နေလျက် ပြောစရာစရာစကား
တွေကို ကိုယ့်မှာ စာစီနေရသည်။

ကိုယ်တို့အခုရောက်နေတဲ့နေရာက
coffee cafe​လေးတစ်ခု။

မူယာ့ကိုတောင်းပန်
စကားပြောဖို့အတွက် ကိုယ်ပထမဆုံး
ကြိမ်အဖြစ် အပြင်မှာချိန်းလိုက်ခြင်းပင်။

"ဇော်လဲ သောက်လေ။ဘာလို့
ဒီအတိုင်း ထိုင်နေတာလဲ"

စားပွဲပေါ်မှာ လက်ထောက်ပြီး
ကိုယ့်ကိုပြုံးကာ ကြည့်နေတဲ့မူယာ။

"ဇော်က အခါးကြိုက်တာလား။
မူယာကတော့ခါးလို့ americano
သိပ်မသောက်နိုင်ဘူး"

"ကြိုက်တယ် ရယ်လည်းမဟုတ်ပါဘူး
ဒီလိုပါပဲ"

မူယာ့ကို အသာပြန်ပြုံးပြပြီးနောက်
ကိုယ်နေရခက်စွာ မျက်နှာလွှဲရင်း
ကော်ဖီခွက်ကိုကိုင်ကာ သောက်လိုက်
တော့ ခါးသက်သက်အရသာက
လည်ချောင်းထဲကို စီးဝင်သွားသည်။

"မူယာ ကိုယ်အခုပြောမဲ့စကားကို
မပြောခင် မင်းကိုအရင်ကြိုပြီး
တောင်းပန် ထားချင်တယ်"

"ဘာပြောမှာမို့လို့လဲ ဇော်က။ဒီနေ့
တွေ့ရတာ ဇော့်မျက်နှာလည်းမကောင်းဘူးနော်"

ကိုယ့်မျက်နှာကို အကဲခတ်သလို
ကြည့်နေတဲ့ ကိုယ့်အရှေ့ကမူယာကို
အားနာလွန်းစွာပို၍ နေရခက်လာသည်။

"ပြောစရာရှိတာကို လွတ်လွတ်လပ်
လပ်ပြောလို့ရပါတယ်။ဇော့် မျက်နှာကြီး
ကလည်း ဘာလို့အဲ့လိုဖြစ်နေတာလဲ
ပြောချင်တာကိုပြောလေ မူယာက
တော်ရုံကိစ္စဆို စိတ်ထဲသိပ်မထည့်
တတ်ပါဘူး "

ပြုံးလျက်ပင်ကိုယ့်ကိုပြောပြီး ခေါင်းငုံ့
ကာသူ့ ကော်ဖီခွက်ကပိုက်ကိုမွှေနေ
သည့်မူယာက တစ်ကယ်ကိုချောလှပြီး
ထက်မြက်ပုံရသည့် မိန်းကလေးပါ။

ဒီလိုမိန်းကလေးက ကိုယ့်လိုလူမျိုး
နဲ့ကြုံတွေ့ခဲ့ရတာ သူ့အတွက်တော့
အတိတ်ဆိုးတစ်ခုလိုဖြစ်ရင်ဖြစ်သွားနိုင်ပါရဲ့။

Reward[Him From Final Year]Where stories live. Discover now