Chapter-37

12.7K 1.4K 248
                                    

ကျွန်တော်တို့ ဘဝထဲကနေ အဖေ
ထွက်သွားတာ သုံးရက်မြောက်နေ့။

အိမ်ရှေ့မှာ လူကြီးတစ်ချို့နဲ့ အတူ
ဦးလေးရော ကိုဇော်ပါ ထိုင်ပြီးစကား
ပြောနေကြသည်။နာရေးအိမ် မို့လို့
ရပ်ကွက်ထဲက အဖေ့ကိုသိသူခင်သူ
တွေသတင်း လာမေးပေးကြတဲ့သူတွေ
ကတော့ မပြတ်ပါ။အသိတွေ လာရင်
ကိုဇော်ကပဲ အစ်ကိုတစ်ယောက်အနေနဲ့
စကားပြောပေးနေပြီးကျွန်တော်ကတော့
ထိုင်နေရုံကလွဲပြီး ဘယ်သူ့ကိုမှ ဂရု
မပြုနိုင်။

မေမီနဲ့ရည်မွန်ကလည်း ကျွန်တော့်ဘေး
တစ်နေရာမှာ စကားမပြောပဲ ငြိမ်ငြိမ်
သက်သက် ထိုင်နေကြသည်။အိမ်မှာပဲ
နေ့နေ့ညညနေရင်း လိုအပ်တာတွေ
ကူပေးနေကြတဲ့သူငယ်ချင်းတွေကို
ကျေးဇူးတင်ရမှာပဲ။အိမ်မှာ အန်တီဆွေ
ဘက်ကအမျိုးတွေရောက်နေကြပြီး
ရက်လည်ပြီးတဲ့နေ့မှပြန်ကြမှာဆို
တော့ လူများနေလို့ ကျွန်တော်တစ်
ယောက်ထဲမနိုင်တာနဲ့ ပန်းကန်ဆေး
တာကအစ အဝတ်လျှော်တာကအဆုံး
သူတို့ပါ လိုက်လုပ်ပေးကြသည်။
ဒီသူငယ်ချင်းတွေကို အားနာရပြီး
ကျေးဇူးတင်ရပါသည်။

ဖျာတစ်ချပ်ခင်း ထားတဲ့ပေါ်မှာ
ကျွန်တော့် ညီလေးအိပ်ပျော်နေသည်ကို
ဘေးမှာယပ်ခပ်ပေးနေရင်း အငယ်လေး
မျက်နှာကိုကြည့်ရတာ ရင်ထဲမကောင်း။
တစ်ချိန်လုံးငိုနေတဲ့ကလေးက အခုလေး
တင်မှ အိပ်ပျော်သွားတာ။

သူနားလည်အောင် ပြောပြထားပေမဲ့
လည်း ကျွန်တော့်ညီလေးက အမြဲငို
နေပြီး အဖေ့ကိုပဲ အမြဲမေးနေတတ်
တယ်။အဖေ့ကို နောက်ဆုံးအနေနဲ့
အတူတူကန်တော့ခဲ့ပြီး သူတစ်ဖြည်း
ဖြည်းနားလည်လာအောင် အဖေ
အိပ်ပျော်သွားပြီနော်လို့ ပြောခဲ့ပေမဲ့
လည်းမရပါ။အဖေကအားတဲ့အချိန်တိုင်း
ကျွန်တော့်ထက်တောင် သူနဲ့အမြဲ
ကစားပေးပြီး ဘယ်သွားသွားသူ့သား
ကိုခေါ်သွား သူ့လက်ပေါ်ကလည်းမချခဲ့
တော့ ဒီကလးကသူ့အမေထက် အဖေ့
ကိုခင်တွယ်သည်။အဖေ့ကိုအရမ်းချစ်
တဲ့ကလေးက ရုတ်တရက်ကြီးမို့လို့
ဒီအရွယ်နဲ့ သူနားမလည်နိုင်လောက်
သေးဘူး။ကျွန်တော့်ညီလေးကို ကျွန်
တော့်လိုမျိုးမဖြစ်စေချင်ပေမဲ့ ဘယ်လို
လုပ်ရပါ့မလဲ။အဖေက ကျွန်တော်တို့ကို
ထားသွားခဲ့ပြီလေ။

Reward[Him From Final Year]Where stories live. Discover now