Whys

14.9K 1.5K 185
                                    

"ဧည့်ဝတ်​ကျေ​သော မန်း​လေးသား"

ဆိုတဲ့captionနဲ့သူတို့​ရောက်​နေတဲ့ဆိုင်ရဲ့locationကိုcheck inဝင်ပြီးအစ်မ
ခြူးသက်ပန်ရဲ့accက​နေတင်ထား​သောpost။

တစ်မနက်လုံးဘာမှမလုပ်နိုင်ပဲနဲ့
ဖုန်းကိုတင်းတင်းဆုပ်လျက်သာ အဲ့ဒီpostကိုပဲ စူးစိုက်ကာကြည့်​နေမိရင်း
ရင်ထဲမှာအပူကြီးပူလောင်နေရသည်။

ကိုစစ်​ကြောင်းဖုန်းကို အဆက်မပြတ် အကြိမ်ကြိမ်အခါခါ ဆက်နေပါ​သော်လည်း
လုံးဝမကိုင်ပဲနဲ့missed call​တွေ
ဖြစ်သွားသည်သာ။သူ့ဖုန်းနံပါတ်အသစ်
ကိုရဖို့ကျွန်​တော့်မှာအစ်မမြတ်ဆီက
တစ်ဆင့်​တောင်းခဲ့ရသည်။

ရတယ်လေ။ ခင်များပဲမကိုင်နိုင်မလားကျွန်တော်ပဲ ဆက်နိုင်မလား။

စိတ်ကိုတင်းထားပြီးတော့
နောက်ဆုံးတစ်ကြိမ် ထပ်ဆက်လိုက်
တဲ့အချိန် ဖုန်းဝင်သွားပြီး သိပ်မကြာ
ခင်မှာပဲသူဖုန်းကိုင်လိုက်သည်။

"ကိုကို"

" ဘာလို့ခဏခဏ ဖုန်းဆက်နေတာလဲ
ဘာကိစ္စလဲ"

စိတ်လှုပ်ရှားမှုကြောင့် စကားတွေ
မမှားသွား​အောင် ကြိုးစားယူရသည်။

" ခင်ဗျားအခုဘာလုပ်​နေလဲ ဘယ်မှာလဲ"

"အပြင်မှာ မနက်စာစားနေတယ်"

" ဘယ်ဆိုင်မှာလဲ ကျွန်တော်လဲ
မနက်စာမစားရ​သေးဘူး။ကျွန်တော်
အခုလာခဲ့မယ်"

" လာချင်ရင်လာပေါ့"

ချက်ချင်းပြန်ဖြေလိုက်တဲ့သူ။

"တစ် တစ်ကယ်လား ကိုကို။အဲ့တာဆိုကျွန်တော်အခုပဲ"

ကျွန်တော့် ရင်ထဲမှာဘယ်လောက်
တောင်​ပျော် သွားမိလဲဆိုတာ။

" မင်းလာချင်ရင်လာ ငါကတော့
စားပြီးလို့ပြန်ပြီ"

"ဗျာ"

" ဒါပဲမလား ဖုန်းချပြီ"

"ခင်ဗျား ကိုစစ်​ကြောင်း"

end callဖြစ်သွားသည့် ကျွန်တော့်
ဖုန်းလေးကိုအ​တော်ကြာပြန်ကြည့်
မိရင်း ။

ဟုတ်တာပေါ့။ သူ မနက်စာစားပြီး
မှတော့ ပြန်ပြီပေါ့။ကျွန်တော့်ကို
ဘယ်လိုလုပ်ပြီး​စောင့်နိုင်မှာလဲ။
အလုပ်ကများတာနဲ့။

Reward[Him From Final Year]Where stories live. Discover now