Chapter-19

18.2K 1.8K 288
                                    

"ကျွန်တော်ပြောခဲ့တယ်မလား
ကျွန်တော်အိမ်မက်မက်ရင် အပြင်မှာ
တစ်ကယ်ဖြစ်တတ်ပါတယ်ဆို အခုတော့"

ကြမ်းပြင်ပေါ်မှာထိုင်ပြီး ဆေးရုံကဆင်း
လာတဲ့ပစ္စည်းတွေ ရှင်းပေးနေတုန်း
ကျွန်တော်ပြောလိုက်သည်ကို အခန်း
ထဲကထိုင်ခုံပေါ်မှာ ငြိမ်သက်စွာ
ထိုင်နေတဲ့ကိုဇော်က ခပ်နွမ်းနွမ်းသာ
ပြုံးပြသည်။ဆေးရုံကနေဆင်းလာပြီး
ကျန်းမာရေးအခြေအနေကြောင့်အိမ်
မှာပဲနားနေရသည့် ကိုဇော်ကစကား
များများမပြောတော့ပဲ အရင်ကထက်
ပိုတိတ်ဆိတ်လွန်းနေတယ်။

"ကျွန်တော်မျိုး သတိမထားမိခဲ့တဲ့
အမှားတွေကို ဗွေမယူပါနဲ့ခင်ဗျာ"

ခုံပေါ်ကနေကျွန်တော်ကို လှမ်းကြည့်ပြီး
ကိုဇော်က ပြုံးရင်းပြောနေပေမဲ့
ကျွန်တော့်မှာပြန်မပြုံးပြနိုင်။

"ကိုဇော်သိရင်ပြီးတာပဲ ဆေးရုံက
လည်း ဆင်းလို့မရသေးပါဘူးဆို
မနေချင်ဘူးပဲလုပ်ပြီး အတင်းဆင်း
လာတာ တစ်ကယ်ပဲပြောလို့လည်းမရဘူး"

"ဒီလောက်လေးနဲ့ မင်းအစ်ကိုက
ဆေးရုံပေါ်မှာ အကြာကြီးနေစရာ
မလိုပါဘူးကွာ။အဲ့တာတွေပဲပြောနေ
တာ ကိုယ်လည်းအလွတ်ရနေပါပြီ။
ကိုယ်ဘာမှမဖြစ်တော့ပါဘူး။"

"ဘာမှမဖြစ်ဘူးဟုတ်လား။ကိုဇော့်
ခေါင်းက သုံးချက်ချူပ်ထားရပြီး
ဒီပတ်တီး အလိပ်လိုက်ကြီးက
ဘာမှမဖြစ်ဘူးဆိုရင် ကျွန်တော်
ထပ်ရိုက်ပေးမယ်"

"ကျွန်တော်မျိုး ကြောက်ပါတယ်ခင်ဗျ"

အဝတ်တွေခေါက်နေရင်း ကြမ်းပြင်
ပေါ်ကနေလှမ်းရန်တွေ့ပြီးမှ ကျွန်
တော့်ကိုပြုံးလျက်သာကြည့်နေတဲ့
ကိုဇော်ကြောင့် ဘာမှမပြောချင်တော့။

ကိုဇော်ဆေးရုံတက်နေရတဲ့အတော
အတွင်း ကျွန်တော်ပဲအနီးကပ်လူနာ
စောင့်ပေးခဲ့ပြီး အန်တီတို့ကတော့
လုံးဝကိုစိတ်လျော့လိုက်တဲ့ပုံပါပဲ။
သူတို့သားဒီလိုဖြစ်ခဲ့ရတာကို အခု
ထိယူကြုံးမရဖြစ်နေကြပြီး ကိုဇော်
ဆေးရုံတက်ရကထဲက အန်တီဆို
အိပ်ရာထဲလဲနေပြီး တော်တော်ရှော့
ရသွားခဲ့ရသည်။ကိုဇော့်ကိုဒီလိုဖြစ်
အောင် ဝိုင်းရိုက်ခဲ့ကြတဲ့သူတွေကို
ကိုဇော်ကကျေအေးပေးမယ် အန်တီ
တို့ကလုံးဝမကျေအေးပေးနိုင်ဘူးနဲ့
အဲ့ဒီမှာအခြေအတင်စကားများကြပြီး
သူတို့အမေနဲ့သား ဆေးရုံကဆင်းခဲ့
တဲ့အထိ အခြေအနေမကောင်း။

Reward[Him From Final Year]Where stories live. Discover now