Extra-5

19.2K 1.1K 170
                                    

"ဝန်း"

ဖုန်း​ဝင်သွားပြီး သိပ်မကြာခင်ပင်
သူ ဖုန်းကိုင်လာသည်။သူ့အသံက
အခုမှအိပ်ရာထခါစလို။

"ကျွန်​တော် အလုပ်သွား​တော့မလို့
ဖုန်းဆက်​ပြော​တာ"

"ဘယ်အချိန်ရှိ​နေပြီလဲ"

"ကိုကို အိပ်နေတုန်းလား"

"အင်း ဖုန်းသံကြားမှ နိုးလာတာ
ကိုယ် အိပ်ပျော်​နေလို့"

သူ​ဌေး​တွေများ အလုပ်ကိစ္စနဲ့
သွားရလည်း ဒီအချိန်ထိအိပ်
လို့ရတယ်။

အလုပ်ကိစ္စနဲ့​နေပြည်​တော်ကို မနေ့
ထဲကသူ​ရောက်​နေတာ​လေ။
ဟိုတယ်ဇုန်မှာ။

ကျွန်​တော် သူ့ကို နှိုးလိုက်မိတာပဲ။

"ကျွန်​တော် ​နောက်ကျ​နေပြီ အလုပ်
သွားရတော့မယ်ဗျ"

"ရှစ်နာရီ​တောင် ထိုးသွားပြီပဲ"

"အင်း ကိုကိုလည်း မျက်နှာသစ်
မနက်စာဆင်းပြီး သွားစားလိုက်တော့။
နေ့လည်ကျမှပဲ ကျွန်​တော် ဖုန်းထပ်
ဆက်လိုက်​မယ်။အခု ဖုန်းချလိုက်
တော့မယ်​နော်"

" ခဏ​လေး"

ပိတ်မလို့လုပ်​​နေသည့်
ဖုန်းကိုပြန်ကိုင်လိုက်ရသည်။

" လွမ်းတယ်"

ကျွန်​တော်နှိုးလိုက်မှနိုးလာပြီး
လွမ်းတယ်ပြောလည်း တစ်ယောက်
တည်းပြုံးရပါတယ်​။

"ကျွန်​တော် ​ရောပဲ"

"မနက်ဖြန်ည​နေ ပြန်လာလို့မှီရင်
မန်း​လေးပြန်ဝင်ခဲ့မယ်"

" အွန်း ​စောင့်​နေမယ် ကိုကိုပြန်လာမှ
တွေ့မယ်နော်။အဲ့တာဆိုကျွန်​တော်​
နောက်ကျ​နေလို့ ဖုန်းချလိုက်​တော့
မယ်"

သူနဲ့ဖုန်းပြောပြီး အလုပ်သွားရ
တော့မှာမို့ အနောက်ပြန်လှည့်လိုက်ချိန် အခန်းတံခါးဝမှာရပ်နေတဲ့ အငယ်လေး။

ရင်ထဲထိတ်ခနဲပင် ဖြစ်သွားရသည်

"ဆုလာဘ်"

" အငယ်လေးမင်း ဘယ် ဘယ်တုန်းကရောက်နေတာလဲ"

အငယ်လေးက ကျောပိုးအိတ်လွယ်
လျက် ကျွန်​တော့် အနားလျှောက်
လာသည်။

Reward[Him From Final Year]Where stories live. Discover now