Chapter-33

15.5K 1.6K 357
                                    

မိုးတွေမရွာနေပေမဲ့ ပတ်ဝန်းကျင်
တစ်ခွင်ကဒီကနေ့ တိမ်တွေအုပ်မှိုင်း
နေပြီးအေးအေးချမ်းချမ်းနဲ့ နေရောင်
မရှိနေ။

အိမ်ကိုပြန်လာတဲ့လမ်းမှာ ကားကိုပုံမှန်
အရှိန်နဲ့မောင်းလာရင်း ကိုယ့်အိမ်ရှေ့
ကိုရောက်ခါနီး လှမ်းမြင်လိုက်ရတာက
ခြံတံခါးရှေ့မှာငုတ်တုတ်လေးထိုင်နေတဲ့
ကောင်ကလေး။တစ်ခုခုများ မှားနေလား။

အမြင်တွေများမှားနေလား ထင်မိရင်း
ကိုယ်ကားကို အရှိန်တင်လိုက်ပြီး အိမ်
ရှေ့မှာခပ်မြန်မြန် ထိုးရပ်လိုက်ရတယ်။

"ဝန်း"

ကားပေါ်ကနေ အမြန်ပင်ဆင်းပြီး
အနားသွားတော့ ငုတ်တုတ်လေး
ထိုင်ရာကနေ ကိုယ့်ကိုမော့ကြည့်လာပြီး
ထရပ်သည်။မတွေ့ရတဲ့ရက်အတွင်း
ဒီကောင်လေး မျက်နှာကချောင်ကျ
သွားလိုက်တာ။

"ဘယ်အချိန်ထဲကရောက်နေတာလဲ
ကိုယ့်ကိုဘာလို့ ဖုန်းမဆက်တာလဲ"

ကိုယ့်ကို မျက်နှာငယ်လေးနဲ့ကြည့်နေပြီး
လူက အားနည်းနေသလို ယိုင်ချင်ချင်
ဖြစ်နေသလိုပဲ။

"ဒီလိုပါပဲ ခင်ဗျားအိမ်မှာရှိနေမယ်
ထင်လို့လာတာ။ဖုန်းဆက်လိုက်ရင်
ခင်ဗျား မအားမှာစိုးလို့"

"မအားလည်း မင်းဖုန်းဆက်ရင် ကိုယ်
ချက်ချင်းပြန်လာခဲ့မှာပေါ့။ကိုယ်သာ
အခုအိမ်ပြန်မလာရင် ဒီအတိုင်းပြန်
သွားမှာမလား"

အားမရစိတ်နဲ့ ဆူလိုက်မိတော့
ကိုယ့်ကို မှုန်ကုပ်ကုပ် ပြန်ကြည့်သည်။

"ခင်ဗျားကားကိုခြံထဲအရင်သွင်းလိုက်
ကျွန်တော်စောင့်နေတာ ကြာနေပြီ"

ကားဝင်ဖို့ ခြံတံခါးကိုတောင် သူကိုယ်
တိုင်ဖွင့်ပေးနေတော့ ကိုယ်ကားပေါ်
တက်ပြီး အလျင်မြန်ပင် ခြံထဲကားကို
မောင်းသွင်းလိုက်သည်။အမှန်အတိုင်း
ပြောရမယ်ဆိုရင် အခုဖြစ်နေတာကို
မယုံနိုင်သေး။

ဝန်းက ကိုယ့်အိမ်ကိုသူတစ်ယောက်ထဲ
ရောက်လာပြီး ကိုယ့်ကိုထိုင်စောင့်နေ
သည်ဆိုတဲ့အသိက များစွာစိတ်လှုပ်
ရှားစေသည်။ဒီကောင်လေးကို လွမ်းနေ
လိုက်ရတာ။ကျောင်းမှာလည်းသူ့အတန်း
ရှိနေလို့ ခဏပဲတွေ့ရတယ် အခုရက်ပိုင်း
ကိုယ်ဖုန်းဆက်တိုင်း မအားဘူးနဲ့သူ့
အိမ်ကိုလည်း လုံးဝလာမခေါ်ခိုင်းတော့
ဘူး။ဒီကောင်လေး ဘာတွေလုပ်နေ
လည်း ဒီရက်ပိုင်း မျက်နှာလည်းလုံးဝ
မကောင်းဘူး။

Reward[Him From Final Year]Where stories live. Discover now