Chapter-43

16.7K 1.6K 244
                                    

"ဘာအရောင်လေးဆိုးမှာလဲ မောင်လေး"

ဆိုင်ကအစ်မက ကျွန်တော်ထိုင်စောင့်
နေတဲ့ဆီလာပြီး နမူနာလေးတွေလာ
ပြသည်။ဆံပင်ညှပ်ဆိုင်ကို လာသာ
လာခဲ့တယ် တစ်ကယ်တမ်း တစ်ခါမှ
မလုပ်ဖူးတော့ ဆုံးဖြတ်ရခက်နေသည်။

"ဒီအရောင် အစ်မ"

နောက်ဆုံးအမည်းဘေးက ဆံပင်နမူနာ
လေးကို ကျွန်တော်ထောက်ပြလိုက်တော့
ဆိုင်ဝန်ထမ်းအစ်မက ကျွန်တော့်ကို
တစ်ချက် ပြန်ကြည့်လေသည်။

"ဒါက ဘာမှသိပ်မထူးခြားဘူးနော်
အမည်းနဲ့ ဘာမှမကွာဘူး"

"ဟုတ် ရတယ် အစ်မ"

"မောင်လေးကလည်း ဆံပင်လာဆိုးပြီး
ဒီအရောင်က ဘာထူးမှာလဲ။ဒါမှမဟုတ် ဒီdarkbrownလေး ဆိုရင်ရော
အရောင်နည်းနည်းရှိတော့ မျက်နှာလေး
ပိုပေါ်သွားတာပေါ့"

"ကျွန်တော် မနေတတ်လို့ပါ"

"ဟုတ်ပါပြီ ကွယ်"

အရောင်စိုးလို့ပြီး နောက်ဆုံးဆံပင်
လေမှုတ်လို့ပြီးတော့ မှန်ရှေ့မှာပေါ်နေ
တဲ့ ကျွန်တော့်မျက်နှာကျွန်တော် ပြန်
ကြည့်ချိန် ဆံပင်အရောင်ဆိုးထားမှန်း
မသိသာတာမို့ ကျေနပ်သွားသည်။
မဟုတ်ရင် ကျွန်တော်နေတတ်မှာ
မဟုတ်ဘူး

"ကဲ ပြီးပြီ အရောင်တော့မပေါ်ဘူးနော်
မောင်လေး။နေပူထဲမှာပဲ နည်းနည်း
သိသာလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါအစ်မ"

ကျွန်တော့်ကို ဆံပင်လုပ်ပေးတဲ့အစ်မကို
ပြုံးပြလိုက်ပြီး ဒီနေ့ဆံပင်အရောင်လာ
ချိန်းတာစိတ်ကျေနပ်နေသည်။ဘာမှ
ထူးထူးခြားခြား မပြောင်းလဲသွားပေမဲ့ပေါ့။

______________________________

အိမ်ရှေ့မှာ မနက်ထဲကရပ်စောင့်နေတာ
တော်တော်ကြာပြီ ဖြစ်သော်လည်း
ကိုစစ်​ကြောင်းကအလုပ်သွားဖို့ အခုထိမထွက်လာသေးဘူး။ကျွန်တော်ကတော့
သူနဲ့ တွေ့ရဖို့ စိတ်ရှည်ရှည်နဲ့
လာစောင့်နေမြဲပါ။

ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ
သူ သူ့မိဘတွေအိမ်မှာပဲပြန်ရောက်
ထဲက နေနေတယ်လေ။သူ့အိမ်မှာ
ကျွန်တော် သွားစောင့်နေခဲ့ပေမဲ့လည်း
သူလာတာကို လုံးဝမတွေ့ရဘူး။
သူ့အိမ်ကိုတစ်ခါလေးတောင် ပြန်မှပြန်
ပါရဲ့လား။

Reward[Him From Final Year]Where stories live. Discover now