Chapter-15

17.9K 1.7K 237
                                    

"စစ်ကြောင်းကို ဒီရက်ပိုင်းကောင်လေး
တစ်ယောက်နဲ့ တစ်ပူးပူးတစ်တွဲတွဲ
အမြဲတွေ့နေတယ်တဲ့"

"ဘယ်က ကောင်လေးလဲ"

အတန်းထဲမှာအားလပ်ချိန်ရနေတာနဲ့
ထိုင်ပြီးဖုန်းကြည့်နေတုန်း ဘေးကနေ
နဒီစကားကပ်ပြောလာသည်ကို သိပ်
အလေးမထားမိ။မူယာ သိချင်နေတာ
ကအဲ့တာမှ မဟုတ်တာ။

"ပထမနှစ်သင်္ချာက။အဲ့ကောင်လေးရဲ့
သူငယ်ချင်းမတစ်ယောက်နဲ့ ဝဏ္ဏနဲ့က
ချစ်သူတွေဖြစ်နေတာ။အဆောင်ချင်း
လည်းနီးတော့ သူတို့တွေအဖွဲ့ကျ
နေကြတယ်။အဲ့ကောင်လေးနားမှာ
အခုတစ်လော စစ်ကြောင်းကိုအမြဲ
လိုလို တွေ့နေရတယ်တဲ့"

"သူခင်နေလို့ဖြစ်မှာပေါ့ ယောကျာ်းလေး
ချင်းပဲ ဘာထူးဆန်းနေလို့လဲအဲ့တာ"

"ဟဲ့ မထူးဆန်းရင်ငါနင့်ကိုလာပြော
နေမလား မူယာ။တော်ရုံ ရိုးရိုးသား
သားခင်နေရင် ငါမပြောဘူး။အရင်က
ဒီလောက်ကျောင်းမလာတဲ့စစ်ကြောင်း
ကအခု ကျောင်းပုံမှန်လာတက်ပြီး
အဲ့ကောင်လေးနားမှာပဲတဲ့။အဲ့
ကောင်လေးကိုစစ်ကြောင်းက ကျူရှင်
ထိကိုသွားကြိုတာ အဲ့ကောင်လေး
ကျူရှင်ထဲက ထွက်မလာမချင်းစောင့်
ပေးနေပြီး မုန့်တွေတောင်သူကိုယ်တိုင်
ဝယ်ကျွေးနေတာတဲ့။မျက်မြင်သက်သေ
တွေနဲ့ သတင်းအတိအကျမို့လို့ငါနင့်
ကိုပြောပြတာ"

"နင်ဘာပြောတယ်"

အံ့သြစိတ်ကြောင့် နဒီကိုတောင်ပြန်
အော်မိသည်အထိပဲ။လူကမနေ့က
စစ်ကြောင်းရဲ့my dayကိစ္စကို
စဉ်းစားနေရင်း အခုချိန်ထိစိတ်နဲ့လူနဲ့
မကပ်နေတာမို့ ကိုယ့်နားကိုယ်တောင်
မယုံချင်သလိုပဲ။နဒီအခု ဘာကိုပြော
ချင်နေတာလဲ။

"နင်ပြောချင်တဲ့ အဓိပ္ပါယ်ကဘာလဲ
နဒီ။ငါ့ကို လိုရင်းပဲမြန်မြန်ပြော"

နဒီက ဘေးကနေငြိမ်ပြီးနားထောင်နေ
တဲ့ရွှေကိုပါကြည့်နေရင်း မျက်နှာပျက်
ချင်သလိုပြောရခက်သလိုဖြစ်နေပြီးမှ
အနားကို တိုးလာသည်။

"ကောင်လေးပုံစံကဟာ ဘယ်လိုပြောရ
မလဲ။မြင်တဲ့သူတိုင်း ချစ်ခင်စဖွယ်ဖြစ်
နေလောက်အောင်ကို ကလေးဆန်ဆန်
မျက်နှာလေးနဲ့ချစ်စရာကောင်းတယ်။
ကျောင်းမှာလည်း အေးအေးဆေးဆေးပဲ
နေလို့သာ ဘယ်သူမှသိပ်မသိတာ။
နင်မြင်ရင်သိလိမ့်မယ်"

Reward[Him From Final Year]Where stories live. Discover now