Chapter-34

14.6K 1.5K 124
                                    

ကျွန်တော် နိုးလာတဲ့အချိန်က မနက်
ဘယ်အချိန်တောင်ရှိနေပြီလဲ။မျက်လုံး
တွေဖွင့်လာပြီး စောင်ပုံထဲမှာအိပ်နေရာ
ကမထမိသေးပဲ ငြိမ်နေမိရသည်။

ညက သက်တောင့်သက်သာနဲ့
အိပ်လို့ကောင်းနေရော။ကျွန်တော်
ဒီလိုမျိုးအိစက်နေတဲ့ကုတင်နဲ့မှ အိမ်မှာ
မအိပ်ဖူးတာ။ကျွန်တော် တစ်ခါမှဒီ
လောက် အချိန်ထိလည်း မအိပ်ဖူးဘူး။
ဘယ်အချိန်တောင် ရှိနေပြီလဲ။

"နိုးပြီလား"

စောင်ပုံထဲကနေပင် မထရသေး။
သူ့အသံကြောင့် ကျွန်တော်လန့်
သွားရသည်။သူဘယ်တုန်းက ရောက်
နေတာလဲ။

ကုတင်နဲ့ခပ်လှမ်းလှမ်း အခန်းထဲက
ထိုင်ခုံမှာထိုင်နေတဲ့ကိုစစ်ကြောင်းက
ကျွန်တော့်ကို လှမ်းကြည့်နေသည်။
ကျွန်တော် အိပ်နေရာကနေ အလျင်မြန်
ပင်ထထိုင်လိုက်ရရင်း။

"ခင်ဗျား ဘယ်အချိန်ထဲကရောက်နေတာလဲ"

"ရေချိုးခန်းထဲမှာ မျက်နှာသွားသစ်တော့
အကျီ င်္လဲရင်ဘီရိုထဲက ကိုယ့်အကျီ င်္တွေ
ယူဝတ်ထားလိုက်။မနက်စာ ဘာစားမလဲ
သွားဝယ်ပေးမလို့"

"ဘာမှမစားဘူး ကျွန်တော်အိမ်ပဲပြန်မယ်"

"မင်းကို ဘယ်သူက အိမ်ပြန်ခွင့်ပေးနေလို့လဲ"

"ခင်ဗျား ခွင့်မပြုတိုင်းမပြန်ရအောင်
ခင်ဗျားက ဘာမို့လို့လဲ။ကျွန်တော်
အခုပဲပြန်မယ်"

ကုတင်ပေါ်ကနေ သူ့ကိုလှမ်း ရန်တွေ့
နေတာ ကျွန်တော့်ကို စကားပြောနေတဲ့
သူ့မျက်နှာကလည်း တည်နေသည်။

မနက်စောစော သူနဲ့ကျွန်တော် စကား
များနေရတာတော့ မဟုတ်သေးဘူး။

ဆူပုတ်လိုက်မိပြီး ကိုယ်ပေါ်ကစောင်ကို
ဖယ်ကာ ကုတင်ပေါ်ကနေဆင်းလိုက်ပြီး
အခန်းတံခါးရှိရာဆီကို လျှောက်သွား
လိုက်သော်လည်း သူ့ဘက်က တစ်စုံ
တစ်ရာ မတားမြစ်။

ကျွန်တော်က အခန်းတံခါးရှေ့ကို
ရောက်နေပြီ။ထင်ထားသလို မဟုတ်ပဲ
သူ့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာကို
မရပဲ တိတ်ဆိတ်နေလွန်းတာကြောင့်
စိတ်က အံ့သြလာရသည်။ကျွန်တော့်
ကို တစ်ကယ်ပဲပေးပြန်မှာလား။

Reward[Him From Final Year]Where stories live. Discover now