Chapter-38

13.5K 1.4K 526
                                    

အတန်းထဲက အထွက် လက်ထဲက
စာအုပ်ကို ကိုင်ကာ ကျောပိုးအိတ်ကို
ပြင်လွယ်လိုက်ရသည်။ကျွန်တော်တို့
လိုပဲ ပြန်မဲ့သူတွေက များနေတော့
ကော်ရစ်တာမှာ လူတွေများနေသည်။

ကျွန်တော့်ဘေးမှာ လျှောက်နေတာ
ကတော့ ချမ်းမြေ့ကတစ်ဖက် မေမီနဲ့
ရည်မွန်နဲ့ကတစ်ဖက်ရပ်ပြီး ကျွန်တော်
ကအလယ်မှာ။ဒီနေ့က pretest
လာဖြေကြတော့ ကျွန်တော့်သူငယ်ချင်း
တွေရော အတန်းမှာရောလူစုံတက်စုံပင်။
ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်မျိုးကြီး
ဖြစ်နေသည်။

ကျွန်တော်တို့ ဒုတိယနှစ်ဝက် စာမေးပွဲ
ဖြေရဖို့ရက်က တစ်ဖြည်းဖြည်းနဲ့ နီးနေ
ပြီလေ။မကြာခင် ကျောင်းပိတ်တော့မှာ။
အဖေဆုံးပြီးထဲက ကျွန်တော့်ညီလေး
အနားမှာ တစ်ယောက်ယောက်မရှိရင်
မဖြစ်တာမို့  ကျောင်းကိုသိပ်မလာဖြစ်။
ပျက်ထားခဲ့သည့်ကျောင်းစာတွေရော
ကျူရှင်စာရောပါ မေမီတို့ကကူးပေးပြီး
ပြန်ရှင်းပြပေးထားတော့ ဒီအတွက် သိပ်
အခက်အခဲမရှိခဲ့ပါ။

"ငါတို့ ကန်တင်းသွားကြရအောင်"

အဆောင်အောက်ကို ရောက်တော့ မေမီက
အားလုံးကို အဖော်ညှိသည်။

"ငါအိမ်ပြန်ရတော့မယ် အငယ်လေး
ငါ့ကိုစောင့်နေမှာ။ခဏနေ ကိုဇော်လာကြိုမယ်"

"နင်ကလည်း ခဏလေးပါပဲ မနက်
ထဲကဘာမှမစားလာဘူးမလား တစ်ခုခု
စားသွားပါအုံး"

"ဟုတ်တယ် ဆုလာဘ် နင်မလိုက်လို့မရဘူး"

မေမီတို့က ငြင်းနေသော်လည်းအတင်း
ခေါ်နေတော့ နောက်ဆုံးတော့လည်း
မကောင်းတာမို့ ကန်တင်းကိုပါခဲ့ရသည်။

ကျွန်တော်လည်း ကျောင်းကိုလွမ်းလို့
မပြန်ချင်သေးပါ။

                  ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"စာမေးပွဲဖြေခါနီး ကျောင်းပိတ်ခါနီး
ဆိုတော့ ကျောင်းလာရတဲ့ ခံစားချက်က
တစ်မျိုးပဲနော်။တစ်ခုခုကို လွမ်းသလိုကြီး"

မှာထားတာတွေစောင့်နေတုန်း မေမီက
ကျွန်တော်တို့ကို ကြည့်ပြီး မျက်နှာ
မကောင်း။အမြဲပျော်ပျော်နေတတ်တဲ့
မေမီတောင် ဒီလိုဖြစ်နေတာ ကျွန်တော်
လည်း ကျောင်းလာရတဲ့ခံစားချက်က
စိတ်ထဲတစ်မျိုးပါပဲ။

Reward[Him From Final Year]Where stories live. Discover now