Chapter-18

16.9K 1.6K 213
                                    

အတန်းပြီးတာနဲ့ အခန်းထဲကထွက်
လာလာချင်း မြင်လိုက်ရတဲ့မျက်နှာ
လေးက ကိုယ့်ရဲ့ခြေလှမ်းတွေကို
ရပ်တန့် သွားစေသည်။

ကိုယ်တို့ အခန်းအပြင်ဘက်တံခါးဝ
ထောင့်နားမှာ သူ့သူငယ်ချင်းတွေခြံရံ
ပြီးတော့ ရပ်နေသည့်ကောင်လေးက
ကိုယ့်ကိုကြည့်နေပြီး မျက်နှာမလွှဲသွား။
ကိုယ်အမြင်တွေမှားနေတာများလား။
ထပ်မတွေ့ကြရအောင်လို့ ကိုယ့်ကို
ပြောထားပြီး ဒီကောင်လေးကအခု
ကိုယ့်အတန်းရှေ့မှာ ရပ်နေတာကို
ထင်ယောင် ထင်မှားဖြစ်နေသလား
လို့တောင် ထင်နေမိသည်။

ဘယ်လိုမှထင်မထားမိသည်မို့ ကိုယ်
ဒီအတိုင်းပဲကြည့်နေမိချိန် ကိုယ့်
အနောက်ကကောင်တွေကလည်း
ထွက်လာပြီး ကလေးတစ်အုပ်ကို
တွေ့သွားလေပြီ။

"စစ်ကြောင်း ဟိုမှာရပ်နေတာ
မင်းကလေးမလား"

"ငါ့အမွန်လေးပါ ပါလာတယ်။မပြော
မဆိုနဲ့ ဒီကလေးတွေဘယ်လိုလုပ်ပြီး"

ဟိုကလေးတွေအုပ်စုက ကိုယ်တို့ဆီ
လည်းမလာနှင့် ဒီအတိုင်းပဲရပ်နေကြပြီး
အတန်းရှေ့မှာနေကြတဲ့ပုံတွေက
မသိရင် ကြောက်နေကြသည့်ပုံတွေ။
အရှေ့ဆုံးက ကိုယ့်ကိုကြည့်နေသည့်
ကောင်လေးကလွဲလို့ အနောက်က
သုံးယောက်က မျက်စိမျက်နှာပျက်နေသည်။

အကြောင်းအရင်းမရှိပဲနဲ့ ဒီကောင်လေး
ကိုယ့်ဆီကို တည့်တည့်မတ်မတ်ကြီး
လာဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်
ဘူး။ကလေးပေါက်စကိုကြည့်ရင်း
ဒီအတိုင်းပဲကိုယ်ရပ်နေမိချိန် ဝဏ္ဏက
ကိုယ့်ပခုံးကိုဆွဲဖက်ပြီးကလေးတစ်အုပ်
နားကို ခေါ်သွားပေးသည်။

နှစ်ဖွဲ့ကဆုံမိချိန် အရင်ကလို ပေါ့ပေါ့
ပါးပါးမဖြစ်နေ။ဝဏ္ဏတို့အတွဲကလွဲလို့
သူ့ဘက် ကိုယ့်ဘက်ရပ်နေကြတာ
ဒီကောင်လေးကိုယ့်ကို ပြဿနာစရှာ
တုန်းက ပထမဆုံးတွေ့ကြတဲ့အချိန်
ကိုတောင်ပြန်သတိရမိသည်။ဒါမဲ့
အဲ့အချိန် တုန်းကလိုမျိုးကိုယ့်အရှေ့
ကကောင်လေးကတော့ လုံးဝကိုအရင်
ကနဲ့မတူ နောက်ဆုံးတွေခဲ့ရတဲ့အချိန်
ထိတောင် ကိုယ့်ကိုကြောက်နေပုံရ
တဲ့ကောင်လေးက အခုတော့ကိုယ့်ရှေ့
မှာ ခံစားချက်မရှိသလိုမျက်နှာသေ
နှင့်ရပ်နေသည်။

Reward[Him From Final Year]Where stories live. Discover now