Chapter-24

16.3K 1.7K 248
                                    

"ကိုယ့်ကို အရေးတစ်ကြီးဘာပြောစရာ
ရှိလို့လဲ မူယာ"

ကိုယ့်ရှေ့မှာထိုင်နေသည့် မူယာက
သိပ်ပြီးမျက်နှာမကောင်းပဲ ဆိုင်ထဲကို
ဝင်လာထဲကနေ အခုထိစကားမစ
သေး။မူယာ့ကိုယ့်ကို စကားပြောစရာ
ရှိတယ်လို့ချိန်းတော့ အရင်တစ်ခါက
နောက်ဆုံးတွေ့ခဲ့သည့် ဆိုင်မှာပဲ
တွေ့ဖြစ်သည်။ဒါပေမဲ့ ဒီတစ်ခါတော့
ကိုယ်တို့ထိုင်နေကြတာက ဆိုင်ထဲမှာ
မဟုတ်ပဲ ဆိုင်အပြင်ကခုံတွေမှာပင်။
မူယာက ကိုယ့်ကိုနှစ်ယောက်ထဲ
အေးအေးဆေးဆေး စကားပြောချင်
နေတဲ့ပုံပဲ။

"အရင်ဆုံး ဇော့်အပေါ်တို့လုပ်ခဲ့မိတဲ့
အပြုအမူအတွက် မူယာ့ဘက်က
ဆောရီးလို့ပြောချင်တယ်။
ရုတ်တရက်ဆိုတော့ မူယာစိတ်မထိန်း
လိုက်နိုင်ဘူး"

"ကိုယ်နားလည်ပါတယ်"

"ဇော်ဆေးရုံရောက်သွားတဲ့အကြောင်း
လည်းကြားတယ်။လာတွေ့ချင်ပေမဲ့
အားနာနေရတာနဲ့"

"ကိုယ်အခုအဆင်ပြေနေပါပြီ မူယာ
ပြောစရာရှိတာကိုပြောပါ"

မူယာက ကိုယ့်ကိုကြည့်နေရင်းကနေ
မျက်နှာလွှဲကာ ကော်ဖီခွက်ကိုကိုင်ပြီး
သောက်လိုက်သည်။

စကားပြောဖို့ကို အားယူနေရသလိုနှင့်
မျက်နှာလုံးမကောင်းပဲ မူယာကကိုယ့်
ကိုအားနာနေသလိုပဲဖြစ်နေတယ်။

"တို့ပြောမှာကို သိပ်တော့မလန့်
သွားပါနဲ့။တစ်ခြားတော့မဟုတ်ဘူး
ရှင့်ညီလေးအကြောင်းပဲ ဇော်"

မူယာနဲ့ မျက်နှာချင်းဆိုင်နေရင်း
ကနေ မထင်မှတ်ထားတာကိုကြား
လိုက်ရသည်မို့ ရုတ်တရက်ကိုယ်
ဘာပြောရမည် မသိအောင်ဖြစ်သွား
ရသည်။ဆုလာဘ်ကဘာလို့ကိုယ်တို့
စကားဝိုင်းထဲ ပါလာရတာလဲ။

"ဆုလာဘ် ကိုယ့်ညီကဘာဖြစ်လို့လဲ"

"ဇော်က ဘာကိုမှသိထားတဲ့ပုံမပေါ်
ဘူးနော်။ပြောရမှာအားလည်းနာပါတယ်
မူယာ တော်ရုံဆိုသူများအကြောင်း
မပြောတတ်ပေမဲ့ ဇော့်ညီလေးဖြစ်နေ
တဲ့အပြင် အဲ့ကလေးကိုလည်းတွေ့
ဖူးနေတယ်။ပြီးတော့ ဒီကိစ္စကမူယာနဲ့
လည်း သက်ဆိုင်နေတယ်လို့
ခံစားနေရတော့"

Reward[Him From Final Year]Where stories live. Discover now