Chapter-46

13K 1K 21
                                    

လက်ထဲက ဖုန်းကိုတင်းကြပ်စွာကိုင်
ထားမိပြီး ဆိုဖာပေါ်မှာ ဒူးနှစ်ဖက်ကို
ပိုက်ကာ သူ့ကို ထိုင်စောင့်နေရင်း
နဲ့ပဲစိတ်တွေက မငြိမ်သက်နိုင်။

စားပွဲပေါ်မှာ တင်ထားတဲ့သောက်လက်စ
ဘီယာဘူးကိုယူပြီး တစ်ခါထဲမော့သောက်
လိုက်တော့ခါးသက်လှသည့် အရသာကို
မရင်းနှီးစွာနှင့်ပင်။တစ်ခါထဲပင် မျက်လုံး
မှိတ်ပြီး မော့ချလိုက်တာ ဘူးထဲမှာဘယ်
လောက်မှပင် မကျန်တော့။သူ့ကိုတွေ့
ဖို့ အားယူနေတာပေမဲ့ နေမကောင်းဖြစ်
ထားသည့်အရှိန်နှင့် ခေါင်းတွေမူးဝေ
သလိုဖြစ်လာသည်။

စိတ်တွေလည်း ဂယောက်ဂယက်နှင့်
ကိုယ့်ခေါင်းကိုယ် ထုရိုက်နေမိတုန်း
အိမ်ရှေ့မှာ သူ့ ကားသံကိုကြားလိုက်
ရသည်။ဒါပေမဲ့ထိုင်ရာကနေ မထမိသေး
ပဲ စိတ်မလုံစွာနှင့်ထွက်မကြိုရဲ။

ကားကိုဘယ်လို အရှိန်နဲ့တောင်မောင်း
ခဲ့တာလဲ။

သူတစ်ကယ် လာတယ်။ကျွန်တော့်လို
ကောင်ရဲ့ စကားကိုယုံပြီး ဘယ်လောက်
မှမကြာပဲ သူချက်ချင်းရောက်လာတယ်။

"ကိုကို"

အိမ်ထဲကို ခြေလှမ်းကြဲတွေနှင့် ဝင်လာ
သည့်သူက ကျွန်တော့်ကိုတွေ့လိုက်ရ
တာတောင်ုမျက်နှာမှာ စိုးရိမ်နေမှုက
အထင်းသား။

အပြစ်ရှိသည့်စိတ်နှင့် မျက်နှာမဖော်ရဲပဲ
ဆိုဖာပေါ်ကနေ တစ်ဖြည်းဖြည်းထရပ်
ရင်း ငြိမ်နေမိတုန်း သူကကျွန်တော့်ဆီ
ကိုခြေလှမ်းကြဲတွေနှင့် လျှောက်လာ
သည်။ဒေါသထွက်နေပြီလားလို့ ထင်
လိုက်ပေမဲ့အနားရောက်လာတာနဲ့
ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ထည့်ပြီး
ဖက်ထားလိုက်တာ တင်းတင်းကြပ်ကြပ်
ထက်ကိုပိုလို့။ဒီအချိန်မှာ ပျော်နေရမဲ့
အစားသူအရမ်း စိတ်ပူနေတာကို ခံစား
မိတော့အပြစ်ရှိသည့်စိတ်နှင့် သူ့ရင်ခွင်
ထဲမှာစိတ်ထဲကနေ ထပ်ကာတောင်းပန်
နေမိသည်။

ကျွန်တော် တစ်ကယ်ဘာလုပ်ရမှန်း
မသိတော့လို့ ပြောလိုက်မိတာပါ။

သူက ဘာမှမပြောနိုင်ပဲ တစ်ခဏကြာမှ
ကျွန်တော့်ကိုဖက်ထားရာကနေ လွှတ်
ပေးပြီး မျက်နှာကိုကြည့်လိုက်ပုခုံးနှစ်ဖက်
ကိုကိုင်ပြီး ခေါင်းအစခြေအဆုံးကြည့်
လိုက်။လက်ကောက်ဝတ်နှစ်ဖက်
ကိုတစ်ဖွဖွကိုင်ပြီး စစ်ဆေးလိုက်နှင့်
သူက အသိစိတ်မကပ်သေးသည့်ပုံပင်။

Reward[Him From Final Year]Where stories live. Discover now