Chapter-25

16.2K 1.5K 95
                                    

ကိုဇော့်အိမ်ကို ကျွန်တော်ညနေဘက်
ရောက်လာတဲ့အချိန် တစ်အိမ်လုံးက
မီးမဖွင့်ရသေးတာမို့လို့ အိမ်ထဲမှာ
မှောင်ရိပ်သန်းနေသည်။ဒီလောက်
အချိန်တိကျတဲ့ကိုဇော် တစ်ယောက်
ထူးထူးဆန်းဆန်း ညနေစောင်းနေပြီ
ဘာလို့ မီးမထွန်းထားတာလဲ။

ကိုဇော့်မိဘတွေ နှစ်ယောက်လုံးက
မေမြို့ကဆွေမျိုးတွေရဲ့ အလှူရှိတာ
ကြောင့် မသွားလို့မရပဲမေမြို့တက်
သွားကြပြီး ရက်တော်တော် ကြာမယ်
တဲ့။အဲ့တာကြောင့် အိမ်မှာကိုဇော်
တစ်ယောက်ထဲ ကျန်ခဲ့တာမို့လို့
ခိုင်းတာကို လုပ်ပေးဖို့လည်းကျွန်
တော့်ကို အကူအညီတောင်းခဲ့ကြ
သည်။

အိမ်ရှေ့မှာ ဖိနပ်ချွတ်ခဲ့ပြီးကျွန်တော်
အထဲဝင် လာခဲ့တော့ ဧည့်ခန်းမှာ
ထိုင်နေသည့် ကိုဇော်ကိုတွေ့တော့
ရုတ်တရက် လန့်ပင်သွားရသည်။
ကျွန်တော့်အစ်ကို တစ်ယောက်
ထဲ အမှောင်ထဲမှာဘာထိုင်လုပ်
နေတာလဲ။

ကျွန်တော် ကိုဇော့်ဘေးကခုံမှာ
ဝင်ထိုင်လိုက်တော့ ဆိုဖာပေါ်မှာ
ထိုင်နေသည့် ကိုဇော်ကကျွန်တော်
ရောက်လာတာကို သိသည့်တိုင်
အောင် စကားမပြောပဲ တစ်ခုခုကို
တွေးနေသလိုနှင့် ထိုင်မြဲထိုင်နေသည်။

"ကိုဇော် နေမကောင်းဘူးလား"

စိုးရိမ်စွာ မေးလိုက်သည့်တိုင်
ကိုဇော်က တစ်ခဏကြာသည်
အထိ ငြိမ်သက်နေပြီး။

"မင်းစိတ်ထဲမှာ ကိုယ့်ကို အစ်ကိုလို့
သတ်မှတ်ထားသေးရဲ့လား ဆုလာဘ်"

ကိုဇော့်ရဲ့ သက်ပြင်းချသံနဲ့အတူ
တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ။

"ကိုဇော် ဘာတွေပြောနေတာလဲ"

"ဒီနေ့ ဒီအချိန်ကနေစပြီး အဲ့ဒီကောင်နဲ့
အဆက်အသွယ်ဖြတ်လိုက်"

"ဘယ် ဘယ်သူ"

ကျွန်တော့်ကို မျက်နှာချင်းဆိုင်
စိုက်ကြည့်လာသည့် ကိုဇော့်မျက်နှာက
အရင်ကလိုမဟုတ်ပဲ အေးစက်လွန်း
နေသည်။

"မင်းနဲ့အခု ပတ်သက်နေတဲ့
မင်းစစ်ကြောင်း ဆိုတဲ့ကောင်။
သူ့မိဘအသိုင်းအဝိုင်း။ဘယ်မှာနေလဲ
ဘယ်လိုသူမျိုးလဲ။ကိုယ်အားလုံးကို
စုံစမ်းပြီးပြီ။သူ့မိဘ အသိုင်းအဝိုင်းက
တော်ရုံ မဟုတ်ဘူးပဲ"

Reward[Him From Final Year]Where stories live. Discover now