Part 1

3K 282 0
                                    

Chapter 1: အထူး အိုမီဂါ လူနာ

မနက်‌ရှစ်နာရီ၊ ကယ်လီဖိုးနီးယားပြည်နယ် စိန့်ပေါပုဂ္ဂလိဂဆေးရုံ၏ ပြင်ပလူနာခန်းမ။

အရပ် ၁၈၀စင်တီမီတာရှိသော လူငယ်လေးသည် ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။ ထိုလူငယ်လေးမှာ အနက်ရောင်ကုတ်အင်္ကျီ၊ ဘေ့စ်ဘောဦးထုပ်၊ နေကာမျက်မှန်နှင့် သူ၏‌မျက်နှာပေါ် နှာခေါင်းစည်းတပ်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်အား လုံးဝဖုံးအုပ်ထားခဲ့သည်။

သူသည် ‌ဓာတ်လှေကားထဲ့သို့ဝင်ကာ ထောင့်ဘက်တွင် မတ်တပ်ရပ်ရန်လှည့်လိုက်သည်။ ထို့နောက်သူသည် လက်လှမ်းကာ စတုတ္ထထပ်အတွက်ခလုတ်အားနှိပ်ခဲ့သည်။ သူ၏လက်များမှာ နူးညံ့ပြီးသွယ်လျနေသည်။ လက်ထိပ်များမှာလုံးဝန်းနေကာ သူ၏လက်သည်းများအား သပ်ရပ်စွာညှိထားသည်။ သူတို့သည်အလွန်လှပနေသည်။

စတုတ္ထထပ်တွင် အိုမီဂါဖယ်ရိုမုန်းများအထူးပြုဌာန ပါဝင်နေခဲ့သည်။

ဒီလိုဝတ်ထားတဲ့လူ၊ အဲ့လူကကျော်ကြားတဲ့သူများလား။

ဓာတ်လှေကားမှ ဖြတ်သွားဖြတ်လာများသည် သူ့အားသိချင်စိတ်နှင့် ကြည့်နေခဲ့ကြသည်။ လူငယ်လေးမှာ 'ဒင်' ဟူသောအသံတစ်ခု သူ၏နားမှမကြားရမချင်း ခေါင်းကိုငုံ့ထားခဲ့သည်။ ဓာတ်လှေကားတံခါးများပွင့်သွားကာ သူသည်ချက်ချင်းထွက်လျှောက်လိုက်ပြီး လူတိုင်းမြင်ရရန် သူ၏ပိန်ပါး၍ရှည်လျားသော နောက်ကျောကိုသာ ချန်ထားခဲ့သည်။

ဆေးရုံတွင် လှုပ်ရှားမှုများစွာ ရှိနေခဲ့သော်လည်း ယနေ့တွင်မူ လူနာများစွာ မရှိခဲ့ပေ။

လူငယ်လေးသည် အပြင်ဘက်မှ ဝင်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် လေနှင့်နှင်းများ၏အအေးဓာတ်မျိုး ရှိနေသေးသည်။ သူသည် ဧည့်ကြိုကောင်တာဆီသို့ အမြန်လျှောက်သွားကာ သူ၏အသံမှာ ကြည်လင်နေခဲ့သည်။ "ဟယ်လို၊ ကျွန်တော်ကျန်းရှောင်ယွီပါ။ ကျွန်တော်နောက်ဆက်တွဲ ဆွေးနွေးမှုအတွက် ဒေါက်တာကျိုးနဲ့ ချိန်းထားလို့ပါ"

ယနေ့ဖယ်ရိုမုန်းများအထူးဌာနတွင် အလုပ်လုပ်နေသော ဆရာဝန်မှာ ကျိုးယန်ဖြစ်သည်။ သူသည် တရုတ်လူမျိုး အမျိုးသားအိုမီဂါဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပီအိပ်ခ်ျဒီဘွဲ့ရထားခဲ့သည်။ သူ၏သုတေသနခေါင်းစဉ်မှာ အေ/ဘီ/အို ဖယ်ရိုမုန်းများနှင့် ဆက်စပ်နေသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now