Part 60

754 98 0
                                    

Chapter 60: ယုံကြည်မှု ပြန်လည်ရရှိခြင်း

TNG ကလပ်သည် နိုင်ငံအသင်းတည်ရှိရာ E-sportsပန်းခြံနှင့် မဝေးပါ။ ကားဖြင့်တစ်နာရီသာ ဝေးသည်။

ညနေ ၅း၃၀ နာရီတွင် ကားသည် E-sports ပနိးခြံသို့ မောင်းနှင်လာပြီး အိပ်ဆောင်သို့ ရောက်လာသည်။ ပိုင်ဖန်းသည် ညစာစားရန် ကန်တင်းသို့ သွားတော့မည်။ ထို့နောက်သူသည် လက်‌ရွေးစင်အသင်း၏ အနက်ရောင်လုပ်ငန်းသုံးကားမှာ အောက်ထပ်တွင် ရပ်ထားသည်ကို မြင်လိုက်ရပြီး အပြုံးဖြင့် အမြန်လျှောက်လာသည်။ "ဆရာ ပြန်လာပြီပဲ"

ကျန်းရှောင်ယွီသည် ခေါင်းညိတ်ပြပြီး ကားပေါ်မှ ဆင်းကာ ကားဆီသို့ လက်ဝှေ့ပြလိုက်သည်။

ရှုချန်သည် ခရီးဆောင်အိတ်ကိုဆွဲကာ သူ့နောက်ကို လိုက်သွားသည်။

ပိုင်ဖန်း အံ့အားသင့်သွားသည်။ "အစ်ကိုချန်"

ရှူချန်သည် သူ့အားညင်သာစွာ နှုတ်ဆက်သည်။ "ရှောင်ပိုင် မတွေ့တာကြာပြီနော်"

ပိုင်ဖန်း စိတ်ရှုပ်သွားသည် ။ ဆရာထွက်သွားပြီး ရှုချန်အား လက်‌ရွေးစင်အသင်းဆီ ပြန်ခေါ်လာခဲ့သည်မှာ အဘယ်ကြောင့်နည်း။

ယွီမင်ကျန်းသည် သူ၏သံသယများကို မြင်ပြီး ရှင်းပြရန်အစပြုသည်။ "မင်းရဲ့ဆရာက ဒီနေ့ TNG ကလပ်ကို ဝင်စီးပြီးစစ်ဆေးဖို့ သွားခဲ့တယ်။ သူက သူတို့ကို လေ့ကျင့်ရေးပွဲတစ်ပွဲ ကစားခိုင်းပြီး ရလဒ်ကို မင်း စိတ်ကူးကြည့်သင့်တယ်"

ပိုင်ဖန်းသည် အစ်မယွီအား အသံတိုးတိုးနှင့် ပြန်မဖြေခင် ခဏလောက်စဉ်းစားသည်။ "သူတို့က ဆိုးဆိုးရွားရွား ကစားနေကြတာလား။ ကျွန်တော့်ဆရာ လူတွေကိုထပ်ပြီး ဆူနေတာလား"

ယွီမင်ကျန်း ပြုံးမိသည်။ "ဟုတ်တယ်။ ကလပ်ရဲ့စီမံခန့်ခွဲမှုကနေ ကျွမ်းကျင်ကစားသမားတွေအထိ သူကလူတိုင်းကို ဆူနေတာ။ အဲ့ဒီနောက် ချန်ချန်ကို ပြန်ခေါ်ဖို့အခွင့်အရေးကို ယူခဲ့တယ်။

ပိုင်ဖန်း ပြုံးလိုက်သည်။ "ထင်တဲ့အတိုင်းပဲ ဒါကကျွန်‌တော့်ဆရာလုပ်မယ့်အရာပဲ။ ကောင်တယ်။ အစ်ကို Chenက TNGမှ ဘယ်လိုမှမကစားနိုင်ဘူး။ သူက လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်းကို စောစောစီးစီးလာနိုင်ပြီး TNG မှာ အစွပ်စွဲခံစရာ မလိုတော့ဘူး" ထို့နောက်သူသည် ရှုချန်အား ခရီးဆောင်အိတ် ယသယ်ပေးရန် အစပြုသည်။ "အစ်ကိုချန်၊ ကျွန်တော်ကူသယ်ပေးမယ်။ အိပ်ဆောင်မှာ ဓာတ်လှေကား မတပ်ထားဘူး"

ရွှေအဆင့်နည်းပြWhere stories live. Discover now