Part 105

309 56 0
                                    

Chapter 105 : လက်ရွေးစင်အသင်း စုဝေးခြင်း

အင်တာနက်ပေါ်တွင် '‌သေနတ်ဘုရင် လက်ရွေးစင်အသင်းရွေးချယ်မှုနောက်ကွယ်မှ လူမသိသောမြင်ကွင်းများ' ဟူသော ခေါင်းစဉ်သည် ဆက်လက်၍ပွက်လောရိုက်နေသည်။ အဓိက ဗီဒီယိုအတိုချုံးများ၊ လူမှုမျှဝေခြင်းပလက်ဖောင်းများ၊ e-sportsဖိုရမ်များ စသည်တို့ရှိ အင်တာနက်သုံးစွဲသူများအားလုံးသည် 'ဦးနှောက်မဲ့ပရိသတ်များကို သက်သေရှာနေသည်' ၏ ရယ်စရာကောင်းသောလုပ်ရပ်များကို ဆွေးနွေးကြသည်။

ကြယ်ပွင့်ကစားသမားသုံးဦးဖြစ်သည့် လုကျင်းယွမ်၊ ကျန်းယွယ်နှင့် တန်ကိုင်းတို့အတွက် ပရိသတ်အများအပြားသည် သူတို့၏ ပရိသတ်အဆင့်အတန်းကို ဖယ်ရှားပြီး နောက်ပြန်ဆုတ်ခဲ့ကြသည်။ ထို့အပြင် လမ်းသွားလမ်းလာများက သူတို့အား ကြိမ်းမောင်းရန် အခွင့်အရေးယူကာ လူသုံးဦး၏ မှတ်ချက်ပေးသည့်နေရာသည် ချက်ချင်းပင် ဆူပူကြိမ်းမောင်းမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဘာလို့ မင်းကို မျက်စိစုံမှိတ်ပြီး ချစ်ခဲ့မိတာလဲ။ မင်းကခွန်အားကို လိုချင်ပေမယ့် ခွန်အားမရှိဘူး။ မင်းရဲ့အသွင်အပြင်က သာမာန်ပဲ"

"အဲဒီ သုံးကြိမ်လေးကြိမ် သတ်တဲ့မှတ်တမ်းကို မင်းဘယ်လိုရခဲ့တာလဲ။ သိပြီ။ မင်းရဲ့အသင်းဖော်တွေက မင်းကိုခေါင်းတွေပေးနေတာပဲ"

"ဒီအချိန်မှာ မင်းနဲ့မပူးပေါင်းနိုင်တော့တာကြောင့် မင်းဂိမ်းမကစားနိုင်တော့ဘူးပေါ့။ မင်းက သရုပ်ဆောင်လား"

"သေနတ်ဘုရင်E-sportsလိဂ်၏ 'အကောင်းဆုံးစွမ်းဆောင်ရည်ဆု' ကို ရရှိခဲ့သော သရုပ်ဆောင်သုံးဦးအား ဂုဏ်ပြုပါသည်။ ပန်းတွေပေးလိုက်ကြပါဦး"

လုကျင်းယွမ်သည် ပွဲဦးထွက်ကတည်းက သူဤကဲ့သို့ဆက်ဆံခံရသည်ကို တစ်ခါမှ မခံစားခဲ့ဖူး‌ပေ။ ကြင်နာတတ်‌သည့် သခင်ငယ်အား အများအားဖြင့် အခြားသူများက ချုပ်နှောင်ပြီး ပံ့ပိုးကြသည်။ ယခု ထောင်ပေါင်းများစွာသောလူများက သူသည်အားနည်းသော ကြက်တစ်ကောင်ဖြစ်ကြောင်း မြင်လိုက်ကြပြီး လုကျင်းယွမ်၏ စိတ်ဓာတ်သည် တိုက်ရိုက်ပြိုလဲသွားသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now