Part 61

678 100 4
                                    

Chapter 61: နောက်ထပ်သားကောင်

နောက်တစ်နေ့နံနက်တွင် ကျန်းရှောင်ယွီသည် လက်ရွေးစင်အဖွဲ့အလုပ်အဖွဲ့မှ အဖွဲ့ဝင်များကို အစည်းအဝေးခေါ်ခဲ့သည်။

TNG ကလပ်၏ကိစ္စရပ်အား ယာယီဖြေရှင်းခဲ့သည်။ ကျန်းရှောင်ယွီသည် TNG ၏မန်နေဂျာရှောင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်ကာ လိမ္မာပါးနပ်ကြောင်းသိသည်။ နည်းပြကျန်းရှေ့ ရှေ့မှာ ကောင်းကောင်းစွမ်းဆောင်နိုင်မည်စိုးသောကြောင့် အခြားကလပ်များအား သွားအကြောင်းကြားမည်မဟုတ်သည်မှာ သေချာသည်။

တကယ်တမ်းတွင် အခြားကလပ်များသည် TNG၏ ရန်သူများနှင့် ပြိုင်ဖက်များဖြစ်သည်။ မည်သူက ပြိုင်ဖက်များအား သူတို့ထက် ပိုကောင်းစေချင်မည်နည်း။

ယွီမင်ကျန်း စိတ်ဝင်တစား မေးခဲ့သည်။ "အားယွီ အကွာအဝေးကို အခြေခံပြီး အနီးဆုံးနေရာကို အရင်သွားချင်လား။ ဒါမှမဟုတ် ဘယ်လိုရွေးချင်လဲ။ ခရီးစဉ်ကို ကြိုပြီး စီစဉ်ပေးလို့ရတယ်"

ကျန်းရှောင်ယွီ ခဏစဉ်းစားလိုက်သည်။ "မဲနှိုက်ပြီး ကျပန်းစစ်ဆေးကြည့်ရအောင်"

အဖွဲ့သည် 'နောက်သားကောင်' ကို ရွေးသကဲ့သို့ သူမဲနှိုက်သည်ကို စောင့်မျှော်ကြည့်ရှုခဲ့ကြသည်။ ကလပ်များ၏ အချက်အလက်များနှငိ့ ပြည့်နေသည့် ဖိုင်တွဲတစ်ခုကို ဖွင့်ကြည့်လိုက်ပြီး စာမျက်နှာတစ်ခုကို အေးအေးလူလူ ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ၎င်းတွင် 'YY Club' ဟု ရေးထားသည်။

ယွီမင်ကျန်း ခဏတာ ကြောင်သွားခဲ့သည်။ "ဒါယယ်ကျီရဲ့ကလပ်ပဲ"

ကျင်းဘို ပြုံးလိုက်သည်။ "ဒါက တိုက်ဆိုင်မှုပဲ။ YYနဲ့TNGတို့ နှစ်ရက်အတွင်း ကစားတော့မယ်။ TNGက ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားခြင်းမရှိဘဲ ကစားသမားတွေက တိုက်ရိုက်ထုတ်လွှင့်မှုက ငွေရှာနေကြတယ်။ YY Club က ဘယ်လိုနေလဲ ကြည့်ရအောင်။ အားလုံးလျှောက်လုပ်နေတာလား ဒါမှမဟုတ် လေးလေးနက်နက် ပြင်ဆင်ထားတာလား"

ကျန်းရှောင်ယွီသည် ယွီမင်ကျန်းအား ကြည့်လိုက်သည်။ "အစ်မယွီ၊ ဒီနေ့အတွက် လေယာဉ်လက်မှတ်ကြိုမှာလိုက်ပါ။ ဒီနေ့လည်သွားမယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now