Part 69

670 88 0
                                    

Chapter 69: နူးညံ့သော နည်းပြကျန်း

ထိုညတွင် ပိုင်ဖန်းသည် အိပ်ဆောင်သို့ပြန်ရောက်သောအခါ ကျန်းရှောင်ယွီနိုးနေသေးသည်။ သူသည်တံခါးဖွင့်ပြီး ခေါ်လိုက်သည်။ "ရှောင်းပိုင်၊ ခဏစောင့်"

ပိုင်ဖန်း ချက်ချင်းရပ်လိုက်သည်။ သူသည် တစ်ဖက်လူကို ကြည့်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ဆရာ"

ကျန်းရှောင်ယွီသည် ပိုင်ဖန်းအား စင်္ကြံထောင့်တစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ ဆရာနှင့်တပည့်တို့သည် ဘေးချင်းကပ်ရပ်‌နေကြသည်။ နွေးထွေးသော လမ်းမီးအိမ်သည် ပြတင်းပေါက်မှ လင်းလက်တောက်ပနေပြီး ကျန်းရှောင်ယွီ၏ သာမန်လေးနက်သော အမူအရာအား ပို၍နူးညံ့သွားစေသည်။

သူသည်ပိုင်ဖန်းကို မော့ကြည့်ပြီး မေးလိုက်သည်။ "ဒီနေ့နေ့လည်4နာရီလောက်မှာ မင်းနဲ့ချန်ချန် ကိုရီးယားဆာဗာမှာ ကစားနေတာ ဟုတ်လား"

ပိုင်ဖန်း၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ "ဆရာ အဲဒါကိုဘယ်လိုသိတာလဲ" သူမှတ်မိသည်မှာမှန်ပါက သူ့ဆရာသည် ယနေ့ CIPကလပ်သို့ သွားခဲ့သည်။ သူ့ဆရာသည် သူဘာလုပ်နေသည်ကို ဘယ်လိုသိသနည်း။ သူ့ဆရာမှာသူတို့အား အဝေးကနေ စောင့်ကြည့်နေသလား။

ကျန်းရှောင်ယွီ‌ ပြောခဲ့သည်။ "ဒါကို တိုက်ဆိုင်မှု‌ကြောင့် တွေ့ခဲ့တာ"

ပိုင်ဖန်းအံ့ဩသွားသည်။ "ဆရာ၊ ဘယ်လိုမြင်တာလဲ"

ကျန်းရှောင်ယွီ ရှင်းပြခဲ့သည်။ "မင်းတို့အဖွဲ့ထဲမှာပါတဲ့ စနိုက်ပါသမားM007က CIPကလပ်က မိုဟန်တျန်းပဲ။ သူ့ကို CIPကလပ်မှာ အဆင့်နှစ်ပွဲကစားတာကို ကြည့်ဖို့ စီမံရေးအကောင့်ကို ငါသုံးခဲ့တယ်။ မင်းနဲ့ချန်ချန်တို့ရဲ့ ID တွေကို ငါတွေ့လိုက်ရတယ်"

တိုက်ဆိုင်သည်လား။ ပိုင်ဖန်းသည် အကြောင်းတရားနှင့် အကျိုးတရားကို နားလည်ပြီး ရယ်လုနီးပါးပင်ဖြစ်သည်။ "ဒါဆိုငိုပြီး သူကစနိုက်ပါတစ်ယောက်ပဲ ဖြစ်နိုင်တယ်ဆိုပြီးပြောနေတဲ့ M007က... မိုဟန်တျန်းလား။ အဟွတ် သူက ကိုရီးယားဆာဗာမှာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ဖို့ ဘာသာပြန်ကို အသုံးပြုခဲ့တယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now